Local Celebrity: မြင့်မြတ်နဲ့အတူ မွေးနေ့အလှူပြုလုပ်ခဲ့တဲ့ ယုန်လေး

ဒီနေ့(စက်တင်ဘာ ၁၃)ရက်နေ့က အဆိုတော် ယုန်လေးရဲ့ မွေးနေ့ ဖြစ်ပါတယ်။

play

 

ဒီနေ့မှာ ကျရောက်တဲ့ အဆိုတော် ယုန်လေးက သူရဲ့ မွေးနေ့ကို Original Gangster  မှ သူငယ်ချင်းဖြစ်သူ မြင့်မြတ်နဲ့အတူ အလှူအတန်းများ ပြုလုပ်ခဲ့ပါတယ်။ မွေးနေ့အလှူအဖြစ် ရွှေတိဂုံဘုရားနဲ့ အင်းစိန်မြို့နယ်ရှိ နားမကြားကျောင်းတွင်ရှိသော ကလေးများအား နေ့လယ်စာဖြင့် ကုသိုလ်ယူခဲ့ပါတယ်။

play

 

“ကျွန်တော် မွေးနေ့မှာ ပထမဆုံး ရွှေတိဂုံ ဘုရားကို သွားလှူဒါန်းဖြစ်ပါတယ်။ နောက်  နားမကြား ကျောင်းက ကလေးများကို ကျွန်တော်တို့ Original Gangster ညီအစ်ကို နှစ်ယောက် ဖြစ်တဲ့ မြင့်မြတ်နဲ့ သွားလှုခဲ့ပါတယ်။ မနေ့က ညစ်တာတွေ ဒီကလေးလေးတွေနဲ့ တွေ့တော့ ပျော်သွားပြီ။ စိတ်မ ကောင်းလည်း ဖြစ်ရပါတယ်။ အခုလို လှူဒါန်းရလို့ ဝမ်းသာပီတိလည်း ဖြစ်မိပါတယ်။ မနက်ဖန်လည်း အလှူလုပ် ဖို့တော့ ရှိပါသေးတယ်။ ချိတ်ဆက် နေတုန်းမို့ပါ”ဟု အဆိုတော် ယုန်လေးကပြောပါတယ်။

play

 

ကလေးနဲ့အတူ ပျော်ရွှင်နေတဲ့ ယုန်လေးနဲ့ မြင့်မြတ်ရဲ့ ပုံရိပ်များကိုလည်း ယခုလို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ