Local Celebrity: အကယ်ဒမီပေးပွဲကို ၂၀၁၇ခုနှစ် ဖေဖော်ဝါရီလတွင် ပြုလုပ်မည်

၂၀၁၆ခုနှစ် ဇာတ်ကားများအတွက် ပေးမယ့် အကယ်ဒမီပေးပွဲ ဖြစ်ပါတယ်။

play

 

၂၀၁၆ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု(အကယ်ဒမီ)ဆုပေးပွဲအခမ်းအနားကို ဖေဖော်ဝါရီလအတွင်း ပြုလုပ်နိုင်ရန် စီစဉ်နေတယ်လို့ သိရပါတယ်။ အကယ်ဒမီပေးပွဲအတွက်ကိုလည်း ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ရေးနာယကအဖွဲ့၊ ဗဟိုစီမံခန့်ခွဲရေးကော်မတီနဲ့  စီမံခန့်ခွဲရေး ကော်မတီဟူ၍ ဆပ်ကော်မတီများ ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

၂၀၁၆ ခုနှစ်အကယ်ဒမီပေးပွဲအတွက် ၂၀၁၆ခုနှစ်တစ်နှစ်တာအတွင်း ရုံတင်ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကားများ စာရင်းအတိအကျကိုလည်း စတင်ကောက်ခံနေပြီ ဖြစ်ကာ ၂၀၁၆ခုနှစ်တစ်နှစ်တာအတွင်း ဇန်နဝါရီလမှ ဒီဇင်ဘာလအထိ မြန်မာနိုင်ငံ တစ်ဝန်းတွင် ရုံတင်ပြသခဲ့သည့် ရုပ်ရှင်ဇာတ်ကားများကို အကဲဖြတ်စိစစ်သွားမှာ ဖြစ်ကြောင်း သိရသည်။

Source : Yangon Media Group

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ