Local Celebrity: မင်းသားကြောင့် ရိုက်ဖြစ်တဲ့ ရုပ်ရှင်မဟုတ်ဘူးဆိုတဲ့ ဝတ်မှုံရွှေရည်

"ချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်" ရုပ်ရှင်ဇာတ်ကားကို ဇာတ်လမ်းကြိုက်လို့ လက်ခံခဲ့တာလို့ ဆိုပါတယ်။

play

 

ယခုလက်ရှိ ရိုက်ကူးနေပြီ ဖြစ်တဲ့ "ချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်" ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးဖြစ်တာက ဇာတ်လမ်းကို ကြိုက်လို့ လက်ခံရိုက်ကူးတာ ဖြစ်ပြီး မင်းသားကြောင့်မဟုတ်ဘူးလို့ 8days journal မှာ ဖြေထားပါတယ်။

play

 

တွဲမရိုက်ဖြစ်တာကြာပြီဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ ဝတ်မှုံရွှေရည်တို့ ပါဝင်တဲ့ အဲ့ဒီဇာတ်ကားကတော့ ပရိသတ်တွေ ကြိုက်နှစ်သက်မယ့် ဇာတ်ကား တစ်ကားဖြစ်မှာ အမှန်ဖြစ်ပါတယ်။ သူမက အဲ့ဒီဇာတ်ကားမှာ အင်းသူမလေး အဖြစ်ပါဝင်ရသလို အင်းလေးမှာ ရိုက်ကူးတာကလည်း သူမအတွက် ပထမဆုံးအတွေ့အကြုံလို့ ဆိုပါတယ်။

play

"ချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်" ရုပ်ရှင်ဇာတ်ကားကို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တွေမှာ ပြသဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

Source : 8days Journal

Photo  : ဝတ်မှုံရွှေရည် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ