Local Celebrity: ဥရောပရုပ်ရှင်ပွဲတော်တွင် ကလေးရုပ်ရှင်ပွဲတော် ထည့်သွင်းပြသမည်

ဥရောပရုပ်ရှင်ပွဲတော်ကို စက်တင်ဘာ(၁၆)ရက်နေ့မှာ စတင်ပြုလုပ်မှာ ဖြစ်ပါတယ်။

play

 

မြန်မာနိုင်ငံတွင် နှစ်စဉ်လာရောက်ကျင်းပလျက်ရှိတဲ့ European Film Festival 2016 ဥရောပပွဲတော်ကြီးကို စက်တင်ဘာ(၁၆)ရက်နေ့မှ (၂၇)ရက်အထိ ကျင်းပပြုလုပ်သွားမယ်လို့  သိရပါတယ်။ မြန်မာနိုင်ငံတွင် (၂၅)ကြိမ်မြောက်ကျင်းပတဲ့ အဲ့ဒီပွဲမှာ ကလေးရုပ်ရှင်ပွဲတော်ကို ပထမဆုံးအကြိမ် ထည့်သွင်းပြုလုပ်မယ်လို့ သိရပါတယ်။

ဥရောပရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့ ဆူးလေဘုရားလမ်းရှိ နေပြည်တော် ရုပ်ရှင်ရုံတွင် လည်းကောင်း ကလေးရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့ ပြည်သူ့ဥယျာဉ်ရှိ Yangon Gallery တွင်လည်းကောင်း ပြသွားမှာ ဖြစ်ပြီး ဥရောပနိုင်ငံ ၁၃နိုင်ငံမှ ရုပ်ရှင်ဇာတ်ကား ၁၅ကားပါဝင်ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

Source & Photo : ပြည်မြန်မာသတင်းစာ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ