Local Celebrity: အခွေနဲ့နှုတ်ခမ်းနီကို တစ်ပြိုင်တည်းဖြန့်မယ့် နီနီခင်ဇော်

အောက်တိုဘာ(၈)ရက်နေ့မှာ ထွက်ရှိမယ်လို့ သိရပါတယ်။

play

 

အဆိုတော် နီနီခင်ဇော်က သူမရဲ့ Super Red DVD အခွေနဲ့ Super Red နှုတ်ခမ်းနီကို အောက်တိုဘာ(၈)ရက်နေ့တွင် တစ်ပြိုင်တည်း ဖြန့်ချိသွားမယ်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာလ(၁၅)ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

play

 

အနီရောင် DVD ကိုလည်း ပရိသတ်များအတွက် အကောင်းဆုံး ကြိုးစားပြင်ဆင်ထားပြီးတော့ Super Red နှုတ်ခမ်းနီ ကိုလည်း အရောင်လေးမျိုးနဲ့ ထုတ်လုပ်ကာ ဈေးနှုန်းကိုလည်း ငွေကျပ် (၉၈၀၀)ကျပ်နဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။ပရိုမိုးရှင်းပွဲများကိုလည်း ရန်ကုန်၊ မန္တလေး၊ တောင်ကြီး ၊ မော်လမြိုင်မြို့များမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

play

 

နောက်ပိုင်းတွင်လည်း Super Red နာမည်နဲ့ အလှကုန်ပစ္စည်းများကို ထပ်မံမြင်တွေ့ရဖို့ ရှိတယ်လို့ သိရပါတယ်။

နီနီခင်ဇော်က ဖြစ်ခဲ့တဲ့ ပြဿ  နာရပ်များကို ပြန်လည်တူးဆွမနေတော့ဘဲ သူမရဲ့ နေ့ရက်တိုင်း အချိန်တိုင်းကို ချစ်တဲ့ ပရိသတ်များအတွက် ပေးဆပ်သွားမယ်လို့ Myanmar Celebrity အင်တာဗျူးတွင် ဖြေဆိုထားပါတယ်။

Photo : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ