Local Celebrity: လွှတ်တော်တွင် တင်ပြခဲ့တဲ့ ခိုးကူးခွေကိစ္စ

ရုပ်ရှင်၊ဂီတ၊ သဘင်အနုပညာရှင်များက ခိုးကူးပြဿ နာများကို လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

play

 

ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာရှင်များက "တရားမဝင်ဆင်ဆာမဲ့ ခိုးကူးခွေကိစ္စ" နဲ့ ပတ်သက်သော အကြောင်း အရာများကို စက်တင်ဘာ(၁၅)ရက်နေ့ ဒီနေ့မှာ ပြည်သူ့လွှတ်တော်သို့ တင်ပြခဲ့တယ်လို့ သိရပါတယ်။

ပြည်သူ့ လွှတ်တော်အားကစားနှင့် ကျန်မာရေးကော်မတီမှာ ပြည်ထဲရေး တရားစီရင်ရေး၊ ပြန်ကြားရေး ဝန်ကြီး ဌာနမှ တာဝန်ရှိ ပုဂ္ဂိုလ်များနဲ့ ဆွေးနွေးခဲ့ကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ တင်ထားပါတယ်။

play
play

 

ဆွေးနွေးမှု များနဲ့ပတ်သက်လို့  အဆိုတော်သားစိုးက သူရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးထားတာများကို ဖော်ပြပေး လိုက်ပါတယ်။

play

 

"မရေမရာမှုတွေနဲ့အစချီခဲ့တဲ့ ဆွေးနွေးပွဲ ငိုသံတွေ ပါမတတ်ပြောဆိုကြတဲ့ အနုပညာရှင်ကြီးများရဲ့ စကားသံတွေ ကြားထဲမှ နောက်ဆုံးမှာ အနုပညာလောကအတွက် ရောင်နီတချို့သန်းလာတာကို မျက်ဝါးထင်ထင် တွေ့လိုက်ရ တာဖြစ်ကြောင်း သူ့ရဲ့ရေးသားချက်များကို ခြုံငုံဖော်ပြပေးလိုက်ပါတယ်။

Photo : သားစိုး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ