Local Celebrity: ဝါရင့်လူရွှင်တော် ဦးမန်းဝင်း ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေ

လူရွှင်တော်ဦးမန်းဝင်း ကျန်းမာရေးမကောင်းလို့ ဆေးရုံတက်နေပါတယ်။

play

 

ဝါရင့် ဟာသသရုပ်ဆောင် ဦးမန်းဝင်းဟာ နေထိုင်မကောင်းဖြစ်ပြီး ရန်ကုန်ဆေးရုံကြီးမှာ တက်ရောက်ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

အငြိမ့်တွေမှာ လူရွှင်တော်အဖြစ် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့တဲ့ ဦးမန်းဝင်း တက်ရောက်နေတဲ့ ရန်ကုန်ဆေးရုံကြီးမှာ လူရွှင်တော်၊ ဟာသ သရုပ်ဆောင်ဖြစ်တဲ့ ဦးငြိမ်းချမ်းလည်း လာရောက်ကြည့်ရှုနေတယ်လို့ သိရပါတယ်။

play

 

ဘာရောဂါခံစားနေရလည်းဆိုတာကိုတော့ လတ်တလော မသိရသေးပါဘူး။ ဦးမန်းဝင်းရဲ့ သမီး ချမ်းသာမန်းဝင်းကလည်း ဖခင်မြန်မြန် ပြန်နေကောင်းလာဖို့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ဆုတောင်းထားတာ တွေ့ရပါတယ်။

Source : Chan Thar Mann Win facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ