Local Celebrity: မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် အကဲဖြတ်အဖွဲ့များဖွဲ့စည်း

play

 

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ကျင်းပပြုလုပ်မယ့်  ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံး မြန်မာရုပ်ရှင်ထူး ချွန်ဆုချီးမြှင့်ပွဲအတွက် စိစစ်အကဲဖြတ်ရေးအဖွဲ့များဖွဲ့စည်းပြီးပြီ ဖြစ်ပါတယ်။ အကဲဖြတ်အဖွဲ့ဝင်များ၏ ဒါရိုက်တာ များ အနေဖြင့် တာဝန်ရှိသူ(၇)ဦးမှလည်းကောင်း၊ သရုပ်ဆောင်များထဲမှ တာဝန်ရှိသူ(၅)ဦး၊ ဓာတ်ပုံပညာ ရှင်များ အနေဖြင့် တာဝန်ရှိသူ(၅)ဦး၊ အသံပညာရှင်များအနေဖြင့်တာဝန်ရှိသူ(၅)ဦး၊ ဇာတ်ညွှန်းပညာရှင်များအနေဖြင့် တာဝန်ရှိသူ(၅)ဦး၊ တေးဂီတပညာရှင်များအနေဖြင့် တာဝန်ရှိသူ(၅)ဦး၊ တည်းဖြတ်ပညာရှင်များအနေဖြင့် တာဝန်ရှိသူ(၅)ဦး၊ စာရေးဆရာများအနေဖြင့် မီဒီယာမှ တာဝန်ရှိသူအကြီးအကဲများ(၅)ဦး စုစုပေါင်းအကဲဖြတ်မည့် ပညာရှင်(၄၂)ဦးတို့မှ အသီးသီးရွေးချယ်သွားကြမည်ဖြစ်သည်။

play

စည်းမျဉ်းစည်းကမ်းများအနေဖြင့် ဇာတ်ဆောင်ဆုနှင့်ဇာတ်ပို့ဆုများကို ယခင်နှစ်ပေါင်းများစွာက ချမှတ်ခဲ့သော စည်းကမ်းများဖြစ်သည့် ထုတ်လုပ်သူနှင့် ဒါရိုက်တာများ လက်မှတ်ရေးထိုးထားသည့် အတိုင်းသာ ထူးချွန်ဆုများ ချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။ အကယ်ဒမီဇာတ်ကားစာရင်းကို ကြည့်ရှုစိစစ်ပြီးပါက ထုတ်လုပ်သူများနှင့် ဒါရိုက်တာများအနေဖြင့် ဇာတ်ပို့၊ဇာတ်ဆောင်များကို ရိုးသားစွာတင်ပြခဲ့ခြင်းမရှိပါက စိစစ်အကဲဖြတ်ရေးအဖွဲ့မှ ညှိနှိုင်းစဉ်းစားကာ ဆုံးဖြတ်ကြမည်ဖြစ်ကြောင်းသိရသည်။

အကယ်ဒမီစာရင်းဝင်ဇာတ်ကားတွေအဖြစ် ရန်ကုန်မြို့မှာ ရုံတင်ပြသတဲ့ ရုပ်ရှင်ဇာတ်ကားဆိုရင် ဒီဇင်ဘာ နောက်ဆုံး အပါတ်အထိ ရုံတင်ပြသနေတဲ့ ရုပ်ရှင်ဇာတ်ကားအထိ သတ်မှတ်ရွေးချယ်မှာဖြစ်ပြီး  နယ်မြို့တွေမှာ ကြိုတင်ပြသမယ့် ရုပ်ရှင်ဇာတ်ကားတွေအနေနဲ့ ကိုတော့ နိုဝင်ဘာ နောက်ဆုံး အပါတ်အထိ ရုံတင်ပြသမယ့် ရုပ်ရှင်ဇာတ်ကားအထိကို အကယ်ဒမီစာရင်းဝင် ဇာတ်ကားအဖြစ်သတ်မှတ်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ