Local Celebrity: တစ်ပတ်အတွင်း လူကြည့်အများဆုံး ပြည်တွင်းအနုပညာသတင်းများ

play

 

ပရိသတ်တွေကို စိတ်မပူဖို့ ပြောလာတဲ့ ဖွေးဖွေး

မကြာသေးခင်ရက်ပိုင်းက ဒါရိုက်တာ စင်ရော်မောင်မောင်က ဖွေးဖွေးကို အရေးယူပေးဖို့အတွက် ရုပ်ရှင် အစည်းအရုံးကို  တိုင်ကြားထားတယ်လို့ သတင်းတွေ ထွက်လာပါတယ်။ အဲ့ဒီကိစ္စနဲ့ ပတ်သက်လို့ ဖွေးဖွေးဘက်က ဘာတုံ့ပြန်မှုမှ မလုပ်သေးပါဘူး။ အဲ့ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းဖို့အတွက် မီဒီယာများမှ ဆက်သွယ်သော်လည်း ဖွေးဖွေးရဲ့ ဖုန်းများမှာ ဆက်သွယ်လို့ မရဘူးဖြစ်နေပါတယ်။

play

မင်းသားကြောင့် ရိုက်ဖြစ်တဲ့ ရုပ်ရှင်မဟုတ်ဘူးဆိုတဲ့ ဝတ်မှုံရွှေရည်

ယခုလက်ရှိ ရိုက်ကူးနေပြီ ဖြစ်တဲ့ "ချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်" ရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးဖြစ်တာက ဇာတ်လမ်းကို ကြိုက်လို့ လက်ခံရိုက်ကူးတာ ဖြစ်ပြီး မင်းသားကြောင့်မဟုတ်ဘူးလို့ 8days journal မှာ ဖြေထားပါတယ်။

play

 

သဘင်အစည်းအရုံးက ပြင်းထန်စွာ ရှုတ်ချလိုက်တဲ့ "ခေတ်သစ်ဧကရီအငြိမ့်"

အမျိုးသားကဇာတ်ရုံတွင် ကပြဖျော်ဖြေခဲ့သည့် "ခေတ်သစ်ဧကရီ"အငြိမ့်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ သဘင်အစည်းအရုံးက ပြင်းထန်စွာ ရှုတ်ချကြောင်း ကြေညာချက်တစ်စောင်ကို စက်တင်ဘာလ(၁၄)ရက်နေ့ ထုတ်ပြန်လိုက်ပါတယ်။ ခေတ်သစ်ဧကရီအငြိမ့်ဖျော်ဖြေပွဲသည် သဘင်နဲ့သက်ဆိုင်တဲ့ ဖျော်ဖြေပွဲတစ်ခုဖြစ်ကာ သဘင်အစည်းအရုံးရဲ့ ထောက်ခံခွင့်ပြုချုက်ရယူရမှာ ဖြစ်သော်လည်း အစည်းအရုံးသို့ ဆက်သွယ်ခဲ့ခြင်းမရှိဘူးလို့ ကြေညာချက်တွင် ပြောပြထားပါတယ်။

play

 

အခွေနဲ့နှုတ်ခမ်းနီကို တစ်ပြိုင်တည်းဖြန့်မယ့် နီနီခင်ဇော်

အဆိုတော် နီနီခင်ဇော်က သူမရဲ့ Super Red DVD အခွေနဲ့ Super Red နှုတ်ခမ်းနီကို အောက်တိုဘာ(၈)ရက်နေ့တွင် တစ်ပြိုင်တည်း ဖြန့်ချိသွားမယ်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲကို စက်တင်ဘာလ(၁၅)ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ