Local Celebrity: ပရိသတ်တွေအတူ မျက်ကြည်လွှာလှူခဲ့တဲ့ ပိုပို

အလှူအတန်းတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။

play

 

အဆိုတော်ပိုပိုက ဒီနေ့ (စက်တင်ဘာလ ၁၆)ရက်နေ့ မှာ သူမရဲ့ ပရိသတ်တွေနဲ့အတူ မျက်ကြည်လွှာ သွားရောက် လှူဒါန်းခဲ့ပါတယ်။ ဒီလိုမျိုး မြတ်တဲ့ အလှူဒါနကို ပရိတ်တွေနဲ့ အတူ ပြုခွင့်ရတဲ့အတွက် သူမကတော့ ပျော်နေသလို သူမရဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ကြောင့် ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားထားပါသေးတယ်။

play

 

"ဲမြတ်​​သော အလှူ မျက်​ကြည်​လွာ ကို ချစ်​ခင်​ရတဲ့ ပို့ အသဲတစ်​ ခြမ်း​တွေနဲ့ အတူ လှူဒါန်း ခဲ့ပါတယ်​။ နတ်​လူသာဓု ​ခေါ်​စေ​သော်​။ ကုသိုလ်​ အတူတူ လုပ်​ခွင့်​​ပေးတဲ့ We love popo fans ​တွေကို ​ကျေးဇူးအထူးတင်​ပါတယ်​" လို့ ရေးသားထားပါတယ်။

play

 

မျက်ကြည်လွှာ လှူဒါန်းခဲ့သလို မဟာနွယ်ပရဟိတကျောင်းမှာ သင်္ကန်းများ၊ အလှူငွေများ၊ ဖိနပ် အရန် ၃၀နဲ့ ထီး၁၀ချောင်း၊ ဆပ်ပြားများနဲ့ မုန့်များကို သွားရောက်လူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။ သူမသွားရောက်လှူဒါန်းတဲ့ ကျောင်းမှာပဲ BiBoလေးတို့ မိသားစုလည်း လာရောက်လှူဒါန်းနေတဲ့အတွက် BiBoလေးနဲ့ ဓာတ်ပုံအတူတူရိုက်ခဲ့ပါသေးတယ်။

Photo : ပိုပိုဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ