Local Celebrity: မွေးနေ့အလှူထပ်လုပ်ခဲ့တဲ့ ယုန်လေး

သူ့ရဲ့ မွေးနေ့က စက်တင်ဘာ(၁၃)ရက်နေ့ ကဖြစ်ပါတယ်။

play

 

မွေးနေ့မှာလည်း သရုပ်ဆောင်မြင့်မြတ်နဲ့အတူ မွေးနေ့အလှူပြုလုပ်ခဲ့တဲ့ ယုန်လေးက ဒီနေ့ (စက်တင်ဘာလ၁၆)ရက်နေ့မှာလည်း အလှူများ ထပ်မံ ပြုလုပ်ခဲ့ပါတယ်။

သူရဲ့  မွေးနေ့အလှူကိုတော့ ရွှေတိဂုံဘုရား၊ ခရစ်ယာန် ဘုရား ရှိခိုးကျောင်း၊ ဗလီ၊ ဟိန္ဒူ ဘုရောင်းကျောင်းတို့မှာ တက်နိုင်သလောက် သွားရောက်လှူဒါန်းခဲ့တယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

play
play


"ကျွန်တော်ကို လူရိုင်းလိုသတ်မှတ်ကျတယ်။ ဟုတ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်အတွင်းစိတ်ကို မြင်စေချင်ပါတယ်။ ပေါင်းသင်းနေတဲ့ လူတွေတော့သိပါတယ်။ မွေးနေ့ အမှတ်တရ အလှုမှတ်တန်း တွေကတော့ ရွှေတိဂုံ ဘုရား ၊Church၊ ဗလီ ၊ဟိန္ဒူ ဘုရားကျောင်း တွေ လှူဒါန်းခဲ့ပါတယ်။ ကျွန်တော်ချမ်းသာတဲ့ လူမဟုတ်တော့ တတ်နိုင်သလောက် လှုခဲ့ပါတယ်။  ကျွန်တော်က ဗုဒ္ဓဘာသာ ပါ။ ဘာသာတိုင်းကို Respect ရှိပါတယ်" လို့ သူကရေးသားထားပါတယ်။

play


ဗုဒ္ဓဘာသာဝင်တစ်ဦဖြစ်တဲ့ ယုန်လေးက ဘာသာတိုင်းကို လေးစားတာကြောင့်ခုလို ကောင်းမှုများပြု လုပ်ခဲ့ တာဖြစ်ပြီး သူပို့စ်ရဲ့ ကောမန့်များမှာ ပေါက်ကရစာသားများ မရေးလို့ တောင်းဆိုထားပါတယ်။

Photo : ယုန်လေး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ