Local Celebrity: လူရွှင်တော်အသင်းမှ ဦးမန်းဝင်းဆီသို့ သွားရောက်ကူညီ

, updated

အသင်းကိုယ်စား ဥက္ကဌ ဒိန်းဒေါင် မှ ကိုယ်တိုင် သွားရောက်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

play

 

ကျန်းမာရေးအခြေအနေကြောင့် ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရတဲ့ သရုပ်ဆောင် လူရွှင်တော် ဦးမန်းဝင်းဆီ အနုပညာရှင်တော်တော်များများ သွားရောက်ကြည့်ရှုကာ ငွေကြေးကူညီထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့ပါတယ်။

play

 

ဒီနေ့မှာလည်း (စက်တင်ဘာ၁၇)ရက်နေ့မှာ လူရွှင်တော်အသင်းကိုယ်စား ဥက္ကဌ ဒိန်းဒေါင်မှ ဦးမန်းဝင်းအား ငွေကျပ် နှစ်သိန်းကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

play

 

ဒိန်းဒေါင်နဲ့အတူ တက္ကသိုလ်ဂွမ်းပုံ၊ ဝါဝါအောင်၊ ဦးအောင်ခိုင်၊ ဧရာ၊ ကျော်ထူး၊ ကောင်းကျော်တို့ အတူ လိုက်ပါ သွားခဲ့သလို အရင်နေ့များကလည်း နှင်းဆီရင်ခွင်ဖောင်ဒေးရှင်း၊ ဝေဠုကျော်ဖောင်ဒေးရှင်း၊ ပြေတီဦးဖောင်ဒေးရှင်း မှ အနုပညာရှင်များလည်း သွားရောက်ခဲ့ကြပါသေးတယ်။

Photo : ခင်လှိုင် ဒိန်းဒေါင်ဟာသညီနောင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ