Local Celebrity: ဖျော်ဖြေပွဲမှာ ပရိသတ်ရေးပေးတဲ့ သီချင်းနဲ့ ဖျော်ဖြေမယ့် ထွန်းအိန္ဒြာဗို

စက်တင်ဘာ(၂၃)ရက်နေ့မှာ ပြုလုပ်မယ့် ပွဲမှာ ဖျော်ဖြေမှာ ဖြစ်ပါတယ်။

play

 

ထွန်းအိန္ဒြာဗိုက ပရိသတ်တစ်ဦးရေးပေးထားတဲ့ သီချင်းတစ်ပုဒ်ကို စက်တင်ဘာ၂၃ရက်နေ့တွင် ပြုလုပ်မယ့် A Night of Pop 2016 ဖျော်ဖြေပွဲတွင် သီဆိုသွားမယ်လို့ သိရပါတယ်။

play

 

အဲ့ဒီ သီချင်းနာမည်ကတော့ "အဖြည့်ခံနှလုံးသား" လို့ပေးထားကာ အဲ့သီချင်းအပါအဝင် အခြားသီချင်းများလည်း သီဆိုမယ်လို့ သိရပါတယ်။

ဖျော်ဖြေပွဲကို စက်တင်ဘာ၂၃ ရက်နေ့ ည MCC ခန်းမတွင် ပြုလုပ်မှာ ဖြစ်ပြီး မျိုးကျော့မြိုင်၊ စည်သူလွင်၊ ဂရေဟမ်၊ ဇော်ပိုင်၊ ဖိုးကာ၊ စောလားထော်ဝါး၊ Mဇော်ရိန်၊ ထွန်းအိန္ဒြာဗို၊ ပန်း ရောင်ခြယ်၊ နင်ဇီမေ၊ Sophia Everest နှင့် ခိုင်သဇင်သင်းတို့ ပါဝင်မယ်လို့ သိရပါတယ်။

Source & Photo : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ