Local Celebrity: ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးဖြစ်နေတဲ့ ထွန်းထွန်း

တစ်ကိုယ်တော်အခွေလည်း ထပ်ထွက်ဖို့ ရှိတယ်လို့ သိရပါတယ်။

play

 

အနုပညာလောကထဲသို့ ပြန်လည်ဝင်ရောက်လာကတည်းက အနုပညာလှုပ်ရှားမှုတွေ ဆက်တိုက် လုပ်ဖြစ် နေသလို ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးဖြစ်နေတဲ့ ထွန်းထွန်းက နောက်လထဲမှာလည်း ရုပ်ရှင်ဇာတ်ကား တစ်ကား ရိုက်ကူးဖို့ ရှိသေးတယ်လို့ သိရပါတယ်။

play

 

မကြာသေးခင်ကမှ ပြင်ဦးလွင်မှာ "ကြောက်ကြောက်ကြောက်" ရုပ်ရှင်ဇာတ်ကားကို အပြီးသတ် ရိုက်ကူးခဲ့ပြီး နောက်လထဲတွင် ရိုက်မယ့် ဇာတ်ကားကလည်း ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးမှာဖြစ်ပြီး ခင်လှိုင်၊ ထွန်းထွန်း၊ ရဲလေး၊ဂျိုကာတို့ ပါဝင်ကာ သရဲဟာသဇာတ်ကားတစ်ကားဖြစ်ကြောင်းသိရပါတယ်။

play

 

ဇာတ်ကားတွေဆက်တိုက်ရိုက်ကူးဖြစ်နေသလို နောက်နှစ်ထဲတွင်လည်း သီချင်းခွေထွက်နိုင်ဖို့ ကြိုးစားနေတယ်လို့ ပြောပြခဲ့ပါတယ်။

Source : 7day TV

Photo  : ထွန်းထွန်းဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ