Local Celebrity: ရင်ခုန်မှုတွေ ပြည့်နေတဲ့ အေးမြတ်သူ

, updated

မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ် ရုပ်ရှင်ဇာတ်ကားအတွက် ရင်ခုန်နေတယ်လို့ ဆိုပါတယ်။

play

 

၂၀၁၃ ခုနှစ်က အေးမြတ်သူ ရိုက်ကူးခဲ့တဲ့ မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ် ဇာတ်ကားအတွက် အကောင်း ဆုံးကြိုးစားခဲ့ပေမဲ့ ယခုအချိန်မှာ ရုံတင်တော့မယ်ဆိုတော့ အရမ်းကို ရင်ခုန်နေတယ်လို့ သူမက ဆိုပါတယ်။

play

 

ပထမဆုံး ခေါင်းဆောင် မင်းသမီး တစ်ယောက်တည်း ပါဝင်ထားတဲ့ ဇာတ်ကားဖြစ်သလို ယခင်က အောင်မြင်ခဲ့တဲ့ ဇာတ်ကားကို ပြန်လည်ဆန်းသစ်ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်တာကြောင့် ပရိသတ်တွေ လာကြည့်ပါ့မလားလို့ ဆိုတဲ့ စိုးရိမ်စိတ်တော့ ဖြစ်မိပါတယ်လို့ သူမက 7day TVကို ဖြေဆိုထားပါတယ်။

play

 

အဲ့ဒီရုပ်ရှင်ဇာတ်ကားက အေးမြတ်သူအတွက် နောင်ငါးနှစ်လောက် ရပ်တည်နိုင်ဖို့အတွက် အောင်လက်မှတ် တစ်ခုဖြစ်တာကြောင့် အောင်မလား၊ ကျမလား၊ ဂုဏ်ထူးထွက်မလားဆိုတဲ့ စိတ်နဲ့ ဇာတ်ကားရုံမတင်မချင်း မျှော်လင့် ရင်ခုန်နေရတယ်လို့ ဆိုပါတယ်။

Source : 7day TV

Photo  : အေးမြတ်သူ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ