play

 

ရွှေထူးကတော့ သူရဲ့ မွေးနေ့မှာ ဆုတောင်းပေးကြတဲ့ ပရိသတ်တွေအားလုံးကို ကျေးဇူးတင်ကြောင်းနဲ့ အလှူလုပ် မယ့် အစီအစဉ်အကြောင်းလေးကို လွန်ခဲ့တဲ့ တစ်နာရီလောက်က Live လွှင့်ပြီး ပြောပြခဲ့ပါတယ်။

play

 

အရင်က မွေးနေ့မှာ ပရိသတ်တွေအတူ အလှူလုပ်ဖို့ ပြင်ဆင်ထားရာမှ ပရိသတ်တွေ စာမေးပွဲရှိတာကြောင့် အလှူလုပ်မယ့် နေ့ကို ရက်ရွှေ့လိုက်တယ်လို့ ဆိုပါတယ်။ မွေးနေ့အလှူကို ပရိသတ်တွေနဲ့ အတူ ပြုလုပ် ချင်တာကြောင့် ပရိသတ်တွေ အားမယ့်တစ်နေ့နဲ့ သူအားမယ့်တစ်နေ့နေ့ ဒီရက်ပိုင်းအတွင်းမှာ အတူသွား ကြမယ်လို့လည်း သူကပြောပြထားပါတယ်။

play

 

ရက်မှားပြီးအလုပ်ကနေခွင့်ယူလိုက်တဲ့ ပရိသတ်တွေကိုလည်း တောင်းပန်ထားပါသေးတယ်။

Photo : ရွှေထူး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video