Local Celebrity: တစ်ကိုယ်တော်ရှိုးအတွက် ပြင်ဆင်နေပြီဆိုတဲ့ ရဲလေး

အနုပညာအလုပ်တွေ ဆက်တိုက်လုပ်လာပြီ ဖြစ်ပါတယ်။

play

 

ဖျော်ဖြေပွဲတွေမှာ တွေ့လာရတဲ့ ရဲလေးက ရုပ်ရှင်ဇာတ်ကားတွေလည်း ဆက်တိုက် ရိုက်ကူးလို့ နေပါတယ်။ ဇာတ်ကားတွေလည်း တစ်လကို တစ်ကားနှုန်းရိုက်ကူးဖြစ်နေပြီး ရိုက်ကူးရေး နားတဲ့ အချိန်မှာ သီချင်းခွေအတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

play

 

သီချင်းခွေအသစ်ထွက်ဖို့ ပြင်ဆင်နေသလို သီချင်းခွေထွက်ပြီးသွားတာနဲ့  နှစ်စဉ်နှစ်တိုင်း ရန်ကုန်နဲ့ မန္တလေးမှာ တစ်ကိုယ်တော်ဖျော်ဖြေပွဲတွေ ဆက်တိုက်လုပ်သွားဖို့ ရှိတယ်လို့ အင်တာဗျူးတစ်ခုမှာ ဖြေထားပါတယ်။

play

 

မိသားစုနဲ့အတူ နေထိုင်ပြီး အနုပညာအလုပ်တွေ ပိုလုပ်လာတဲ့ ရဲလေးက ပရိသတ်တွေနဲ့အတူ ပျော်ရွှင်စရာ ကောင်းတဲ့ နေ့ရက်တွေကို ဖြတ်သန်းကြရတော့မှာပါလို့ ဆိုပါတယ်။

Source : Myanmar Celebrity

Photo  : ရဲလေး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ