Local Celebrity: ပရိသတ်တွေ ကြိတ်ကြိတ်တိုး အားပေးခဲ့တဲ့ အဆိုတော်လေးဦးရဲ့ အခွေ

, updated

"4" Music Album ပရိုမိုးရှင်းပွဲကြီးမှာတော့ ပရိသတ်တွေ ကြိတ်ကြိတ်တိုး အားပေးခဲ့ကြပါတယ်။

play

 

နာမည်ကြီး ယောက်ျားလေးအဆိုတော် လေးဦး ဖြစ်တဲ့ ရွှေထူး၊ X-Box၊ ထက်ယံနဲ့ Lil'zတို့ရဲ့ "4" Four MTV ပရိုမိုးရှင်းပွဲကတော့ ပရိသတ်တွေ ကြိတ်ကြိတ်တိုး အားပေးခဲ့ကြပါတယ်။ ပရိုမိုးရှင်းပွဲကို စက်တင်ဘာ(၁၈)ရက်နေ့က လှည်းတန်းစင်တာမှာ ပြုလုပ်ခဲ့တာ ဖြစ်ပြီး မိုးတွေရွာတဲ့ ကြားက ပရိသတ်တွေရဲ့ အားပေးမှု ကို ရရှိခဲ့တာ ဖြစ်ပါတယ်။

play

 

ပရိသတ်တွေရဲ့  အားပေးမှုအရမ်းများတာကြောင့် ဓာတ်လှေကားရဲ့ မှန်တွေ ကွဲသွားသလို တစ်ချို့ ဆိုင်တွေဆိုလည်း ပိတ်လိုက်ရတယ်လို့ သိရပါတယ်။

play

 

 မြူးဇစ်ပုံစံမျိုးစုံပါဝင်တဲ့ အဲ့ဒီသီချင်းခွေထဲမှာ သီချင်း (၁၂)ပုဒ်ပါဝင်တယ်လို့ သိရပါတယ်။ ထူးထူးခြားခြား ရိုက်ကူးမှုတွေနဲ့ ပရိသတ်တွေအတွက် အကောင်းဆုံးကြိုးစားထားတယ်လို့ သိရပါတယ်။

Photo  : ရွှေထူး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ