Local Celebrity: ကိုယ်ဝန်ငါးလရှိနေပြီဖြစ်တဲ့ ချစ်သုဝေ

စက်တင်ဘာ(၁၉)ရက်နေ့ညက ရွှေတိဂုံဘုရားသို့ သွားရောက်ခဲ့ကြပါသေးတယ်။

play

 

အမြွှာပူးကိုယ်ဝန်လေးလွယ်ထားရတဲ့ ချစ်သုဝေကတော့ အနုပညာအလုပ်တွေလည်း နားထားပြီ ဖြစ်ပါတယ်။ ကိုယ်ဝန်ကတော့ ငါးလရှိနေပြီဖြစ်ပြီး ငါးလပြည့်နေ့မှာလည်း ရွှေတိဂုံဘုရားသို့ သွားရောက်ခဲ့ပါတယ်။

ပွဲအတွက် အလုပ်တွေများနေတဲ့ ကြားထဲက ပူဆာသမျှ လုပ်ပေးနေတဲ့ အမျိုးသား ဖြစ်သူ လင်းလင်းကို လည်း ကျေးဇူးတင်ကြောင်း သူမရဲ့ အကောင့်မှာရေးသားထားပါတယ်။

play

 

"Stage showတွေ အတွက်ရော တခြားအလုပ်တွေအတွက်ရော လူပင်ပန်း စိတ်ပင်ပန်း နေရတဲ့အထဲ မိန်းမ နဲ့ ဗိုက်ထဲကသမီးလေးနှစ်ယောက်ကို ဂရုတစိုက်အချိန်ပေးလို့  ဂျီသမျှ ညည်းသမျှ နားလည်စာနာပေးလို့ ကျေးဇူးပါတော်" လို့ ရေးသားထားပါတယ်။

play

 

ချစ်သူဝေရဲ့ အမြွှာပူးကိုယ်ဝန်က သမီးလေးတွေ ဖြစ်ကြောင်း သိရပါတယ်။

Photo : ချစ်သုဝေဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ