Local Celebrity: ရောဂါအခြေအနေ သက်သာလာတဲ့ ဦးမန်းဝင်း

ကျောက်ကပ်ဆေးရမယ်လို့ သိရပါတယ်။

play

 

ကျောက်ကပ်ရောဂါကြောင့် ဆေးရုံတက်ရောက်ကုသနေရတဲ့ ဟာသသရုပ်ဆောင် ဦးမန်းဝင်းရဲ့ ရောဂါအခြေအနေကတော့ သက်သာလာပြီလို့ သိရပါတယ်။ ယခုလက်ရှိတွင် ခုတင်ငါးရာ ဆေးရုံ ဆီးနဲ့ ကျောက်ကပ်ဌာနတွင် ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

play

 

ကျောက်ကပ်အားနည်းနေတဲ့အတွက် ကျောက်ကပ်ဆေးဖို့ပဲ လိုအပ်ပြီး ဆေးဖို့အတွက်လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဦးမန်းဝင်းအား အနုပညာအသိုင်းအဝိုင်းမှ အနုပညာမောင်နှမတွေနဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့က  သွားရောက်ကူညီခဲ့ကြပါတယ်။

Source & Photo : 7day News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ