Local Celebrity: အာဆီယံဂီတပွဲတော်ကို မြန်မာနိုင်ငံကိုယ်စားပြု သွားရမယ့် ချမ်းချမ်း

, updated

တရုတ်နိုင်ငံမှာ ကျင်းပမယ့် အာဆီယံဂီတပွဲတော်သို့ သွားရမှာ ဖြစ်ပါတယ်။

play

 

အဆိုတော်ချမ်းချမ်းက အောက်တိုဘာ(၁၄)ရက်နေ့တွင် တရုတ်နိုင်ငံမှာ ကျင်းပပြုလုပ်မယ့် အာဆီယံ ဂီတပွဲတော်သို့ မြန်မာကိုယ်စားပြုအနေနဲ့ သွားရောက်ဖျော်ဖြေရမယ်လို့သိရပါတယ်။  အဲဒီပွဲတော်မှာ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှု အကြောင်းပါဝင်တဲ့ တေးသီချင်းတစ်ပုဒ်ကို သီဆိုမှာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

နိုင်ငံပေါင်း (၂၀)ကျော်မှ အနုပညာရှင်များ လာရောက်သီဆိုကြမှာ ဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုများပါဝင်တဲ့ ပင်တိုင်စံရဲ့ အလင်းရောင်သီချင်းနဲ့ ဗုဒ္ဓပူဇနိယ သီချင်းနှစ်ပုဒ်ကို သီဆိုဖို့ ရွေးချယ်ထားတယ်လို့သိရပါတယ်။ အဲဒီဖျော်ဖြေပွဲတော်ကိုလည်း MRTVမှ တိုက်ရိုက် ထုတ်လွှင့်ပြသသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Photo : ချမ်းချမ်း ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ