Local Celebrity: ဦးမန်းဝင်းအတွက် ရာသက်ပန်ဆေးလှူခဲ့တဲ့ ပိုင်ဖြိုးသု

ဦးမန်းဝင်းရဲ့ ကျန်းမာရေးအခြေအနေမှာလည်း ယခင်ကထက် ကောင်းမွန်နေပြီလို့ သိရပါတယ်။

play

 

ကျန်းမာရေးအခြေအနေကြောင့် ဆေးကုသမှု ခံယူနေရတဲ့ လူရွှင်တော် သရုပ်ဆောင် ဦးမန်းဝင်းအတွက် တစ်ပတ်(၂)ကြိမ် ထိုးရတဲ့ သွေးအားတိုးဆေးကို သရုပ်ဆောင်ပိုင်ဖြိုးသုက ရာသက်ပန်လှူခဲ့တယ်လို့  ဦးမန်းဝင်းရဲ့ သမီးဖြစ်သူ ကြည်ဖြူမန်းဝင်းရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားထားပါတယ်။

play

 

"မင်းသမီးလေး ပိုင်ဖြိုးသုက ဖေကြီး ဗိုက်ကိုတစ်ပတ်၂ကြိမ်ထိုးရတဲ့သွေးအားတိုးဆေးကို ဖေကြီးအတွက် ရာသက်ပန် လှူပါ့မယ်တဲ့ရှင်။ အတိုင်းမသိကျေးဇူးတင်ပါတယ်ရှင်။ညီမလေးရဲ့အလှူအတွက် အားလုံးသောလူ၊နတ်၊ဗြဟ္မာ၊သတ္တ၀ါ တို့ကို အမျှပေးဝေပါတယ်ရှင်" လို့ ဆိုပါတယ်။

ဒီအလှူအတွက် ဦးမန်းဝင်းကလည်း ဝမ်းသာသလို ဦးမန်းဝင်းရဲ့ ပရိသတ်တွေ ပိုင်ဖြိုးသုရဲ့ ပရိသတ်တွေ အားလုံးလည်း ဝမ်းသာကြမှာ ဖြစ်ပါတယ်။

Photo : ကြည်ဖြူမင်းဝန်းဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ