Local Celebrity: ဝနေလို့ အနုပညာအလုပ်တွေ မလုပ်သေးတဲ့ စိုးမြတ်နန္ဒာ

play

 

ဘာသာရေးသင်တန်းတွေ တက်ဖြစ်နေတဲ့ စိုးမြတ်နန္ဒာကတော့ လက်ရှိမှာ ဇာတ်ကားရိုက်ကူးမှုများ နားထားတာကို တွေ့ရပါတယ်။

မကြာသေးခင်က အင်တာဗျူးတစ်ခုမှာ ဖြေထားတာကတော့ သူမ ဝနေတဲ့အတွက် ဇာတ်ကားတွေ မရိုက်သေးတာလို့ ပြောပါတယ်။ ဇာတ်လမ်းရိုက်ကူးမှုနဲ့ ပတ်သက်ပြီး လုံးဝရိုက်ကူးရေးကို နားလိုက်မှာတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။ သူမအတွက် ဇာတ်လမ်းဇာတ်ကွက်နဲ့ နေရာရမယ့် ဇာတ်ကားဖြစ်ပြီး သူမရိုက်ချင်တဲ့ဇာတ်ပုံစံမျိုးလေးတွေဆိုလည်း ရိုက်ကူးသွားမှာပါလို့ Myanmar Celebrity ကို ဖြေဆိုထားပါတယ်။

play

နောက်နှစ်လောက်မှ ဝိတ်လျှော့ပြီးမှ ဇာတ်ကားတွေ ပြန်ရိုက်တော့မယ်လို့လည်း သူမက ဆိုပါတယ်။

Source : Myanmar Celebrity

Photo  : စိုးမြတ်နန္ဒာ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ