Local Celebrity: (၅၃)ကြိမ်မြောက် ရုပ်ရှင်သက်ကြီးပူဇော်ပွဲ

အောက်တိုဘာလ(၁၃)ရက်နေ့တွင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

play
2014 ခုနှစ်သက်ကြီး ပူဇော်ပွဲမှ ပုံရိပ်များ

 

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ (၅၃) ကြိမ်မြောက် ရုပ်ရှင်သက်ကြီး ပူဇော်ပွဲ အခမ်းအနားကို အောက်တိုဘာ(၁၃)ရက်နေ့တွင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း သက်ကြီး ပူဇော်ပွဲအတွက် အလှူငွေများ ကောက်ခံလျက်ရှိသလို အနုပညာရှင်များစွာ ကလည်း အလှူငွေများ လာရောက်ထည့်လှူလျက်ရှိတယ်လို့ သိရပါတယ်။

play
ယခုနှစ်အတွက် ညီထွဋ်ခေါင်မှ အလှူငွေလှူဒါန်းစဉ်

 

ရုပ်ရှင်သက်ကြီး ပူဇော်ပွဲတွင် သက်ကြီးအနုပညာများတစ်ဦးလျှင် အလှူငွေနဲ့ ဆေးဝါးများအပြင် အခြား ကန်တော့ခံ ပစ္စည်းများလည်း ထည့်သွင်းကာ ကန်တော့သွားမှာဖြစ်ကာ အသက်(၇၀)နဲ့ အထက် သက်ကြီးလူဦးရေ ၁၆၀ ကျော်ကန်တော့သွားမယ်လို့လည်း သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ