play

 

Audio ထွက်ထားတာ တစ်နှစ်ကျော်ကြာပြီဖြစ်တဲ့ ရဲရင့်အောင်ရဲ့ "သဝေထိုး ခကွေး ယပင့်" DVD  ကတော့ အောက်တိုဘာလ (၁၅)ရက်နေ့မှာ ထွက်ရှိတော့မှာ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် အကောင်းဆုံး တင်ဆက်ချင်တာကြောင့် အချိန်ယူပြင်ဆင်ထားတဲ့ သူ့ရဲ့ "သဝေထိုး ခကွေး ယပင့်" DVD ကတော့ ပရိသတ်တွေ လက်ထဲ မကြာခင် ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

play

 

"သဝေထိုး ခကွေး ယပင့်" DVD  ထွက်ရှိတဲ့နေ့ အောက်တိုဘာ (၁၅)ရက်နေ့မှာ ဒဂုံစင်တာ အောက်ဒိုးမှာ ပရိသတ်တွေနဲ့ တွေ့ဆုံဖို့အတွက်  ရဲရင့်အောင်က ပြောထားပါတယ်။

play

 

အောက်တိုဘာ(၁၅)ရက်နေ့မှာ ညနေ (၃)နာရီကနေ (၆)နာရီအထိ ပရိသတ်တွေနဲ့ တွေ့ဆုံပြီး သီချင်းတွေနဲ့ ဖျော်ဖြေသွားမှာ ဖြစ်ပြီး အမှတ်တရလက်မှတ်များလည်း ရေးထိုးပေးသွားမယ်လို့လည်း သိရပါတယ်။

Photo : ရဲရင့်အောင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video