Local Celebrity: မသေမချင်း အနုပညာအလုပ်တွေ လုပ်သွားမယ့် ဦးမန်းဝင်း

ပရိသတ်တွေအများကြီးက သံယောဇဉ်ရှိသေးတဲ့အတွက် ပီတိဖြစ်မိတယ်လို့ ဆိုပါတယ်။

play

 

(၁၈)နှစ်အရွယ်ထဲက အနုပညာအလုပ်တွေ လုပ်လာခဲ့တဲ့ ဦးမန်းဝင်းက မသေမချင်းအနုပညာအလုပ်တွေကို လုပ်သွားမယ်လို့ 8days Journal ကို ဖြေထားပါတယ်။ အခုအချိန်မှာ အသက်(၇၄)နှစ်ရှိနေပြီ ဖြစ်တဲ့ ဦးမန်းဝင်းက ရောဂါအခြေအနေကြောင့် ဆေးကုသမှု ခံယူနေရသော်လည်း ခြေမသယ်နိုင်၊ လက်မသယ်နိုင်၊ မသွားနိုင် မလာနိုင်ဖြစ်တော့မှ အနုပညာအလုပ်တွေကို လက်လျှော့အရှုံးပေးပ့ါမယ်လို့လည်း ပြောထားပါတယ်။

play

 

"ကျောက်ကပ်ဆေးရမယ်ပေါ့။ ပထမတော့ ကျောက်ကပ်မခွဲဘူးလို့ ဆုံးဖြတ်ထားပေမယ့် ချစ်တဲ့ ပရိသတ် နဲ့ အနုပညာမိတ်ဆွေများကြောင့် ၊ ခွဲစိပ်ကုသတော့မယ်လို့ ဆုံးဖြတ်ထားတယ်။ ကျွန်တော်လို ရောဂါမဖြစ်အောင် အချည် နဲ့ အခါးတွေများများ စားကြပါ"လို့လည်း ဦးမန်းဝင်းက ပြောပြပါတယ်။

play

 

ဦးမန်းဝင်းရဲ့ ကျန်းမာရေးအခြေအနေကို သိရပြီး အားပေးတဲ့ ပရိသတ်များနဲ့ အနုပညာမောင်နှမတွေရဲ့ သံယောဇဉ်က သူ့အတွက် ပီတိဖြစ်မိပါတယ်လို့ ဆိုပါတယ်။ ဒီနေ့(စက်တင်ဘာ ၂၂)ရက်နေ့မှာတော့ ဦးမန်းဝင်းဟာ ကျောက်ကပ်ဆေးဖို့အတွက် ခွဲစိတ်ခန်းထဲကို ဝင်နေရပြီ ဖြစ်ပါတယ်။

Photo : ကြည်ဖြူမန်းဝင်းဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ