Local Celebrity: ပေါ်ပြူလာဖြစ်ချင်လို့ အလှူလုပ်တာ မဟုတ်ဘူးဆိုတဲ့ ပိုပို

play

 

အလှူအတန်းနဲ့ပတ်သက်ရင် လက်မဆုတ်တက်တဲ့ ပိုပိုက အလှူလုပ်တာဟာ ပေါ်ပြူလာဖြစ်ချင်လို့ လုပ်တာမဟုတ်ပါဘူးလို့ ဆိုပါတယ်။

play

 

တစ်ကယ့် ဝေးလံတဲ့နေရာတွေမှာလည်း ရရင်ရသလို အလှူတွေ ပြုလုပ်တတ်တဲ့သူမက ရှေ့ဆက်ပြီးတော့လည်း အလှူတွေ ဆက်လုပ်သွားဖို့ ရှိတယ်လို့ ပြောပါတယ်။

play

 

ပရိသတ်တွေနဲ့အတူ မျက်ကြည်လွှာလှူခဲ့တဲ့ သူမက နောက်ထပ်လည်း သွေးလှူဖို့ရှိတယ်လို့ သိရပါတယ်။ နောက်ထပ်အလှူနဲ့ ပတ်သက်လို့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေလှူဖို့ကိုလည်း စဉ်းစားနေတယ်လို့ သိရပါတယ်။

play

 

ဂီတဖျော်ဖြေပွဲ ဆက်တိုက်ဆိုဖြစ်နေတဲ့ သူမက ဒုတိယတစ်ကိုယ်တော်အခွေဖြစ်တဲ့ "အလွမ်းသမားကြိုက်တဲ့ ရေဒီယို"MTV ကိုလည်း နိုဝင်ဘာလ(၅)ရက်နေ့မှာ ထွက်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။

Source  : 8days Journal

Photo    : ပိုပို ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ