Local Celebrity: ကေအေတီရဲ့ သီချင်းများ မကြာခင်နားဆင်ရတော့မယ်

, updated

အောက်တိုဘာလဆန်းမှာ ဖြန့်ချိသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

တေးရေးကေအေတီ မကွယ်လွန်မီကတည်းက စီစဉ်ခဲ့တဲ့ တေးစီးရီးခွေဖြစ်တဲ့ "ခမ်းနားတဲ့ဘဝရဲ့ကဗျာ" နာမည်နဲ့ အောက်တိုဘာလ(၂)ရက်နေ့မှာ ဖြန့်ချိသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီသီချင်းခွေထဲမှာ သီချင်း စုစုပေါင်း ၁၂ပုဒ်ပါဝင်မှာ ဖြစ်ပြီး တေးရေးများအဖြစ် ညီညီသွင်၊ ရွှေဂျော်ဂျော်၊ မြင့်မိုးအောင်၊ နိုင်းနိုင်၊ ဇဝါ၊ R ခိုင်၊ ငယ်ဆူးသစ်၊လင်းလင်းနဲ့ ကေအေတီတို့က ရေးသားထားပါတယ်။

အဆိုတော်များကတော့ ဟန် ထွန်း၊ ဇော်ပိုင်၊ Rဇာနည်၊ သအို၊ ကောင်းမြတ်၊ စိုင်းလိတ်၊ Lဆိုင်း ဇီ၊ ဖြူဖြူကျော်သိန်း၊ ပိုးရည်၊ ချမ်းချမ်း၊ Nကိုင်ရာနှင့် ခင်စုစုနိုင် တို့က ပါဝင်သီဆိုထားကြပါတယ်။

Source & Photo : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ