Local Celebrity: နိုဝင်ဘာလကုန်မှာ မင်္ဂလာဆောင်တော့မယ့် မင်းဦး

နိုဗိုတယ်မှာ ကျင်းပဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

play

 

ချစ်သူသက်တမ်း(၁၁)နှစ်ရှိပြီ ဖြစ်တဲ့ မင်းဦးတို့ စုံတွဲကတော့ မကြာခင်မင်္ဂလာပွဲ ကျင်းပပြုလုပ်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ မင်္ဂလာပွဲကို နိုဝင်ဘာလကုန်တွင် ကျင်းပဖို့ စီစဉ်နေတဲ့ မင်းဦးတို့ စုံတွဲကတော့ နိုဗိုတယ်ဟိုတယ်မှာ ကျင်းပပြုလုပ်မယ်လို့ ဆိုပါတယ်။

play

 

ကြီးကြီးကျယ်ကျယ်ကြီး ကျင်းပမှာ မဟုတ်ဘဲ ဒင်နာပွဲလေးကိုပဲ အနုပညာရှင်မောင်နှမတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းသွားမယ်လို့ သိရပါတယ်။

လက်ရှိမှာလည်း အင်းလေးမှာ ဇာတ်ကားရိုက်ကူးမှု ပြုလုပ်နေရင်း ချစ်သူကောင်မလေးနဲ့အတူ မင်္ဂလာပွဲအကြို ဓာတ်ပုံများကိုလည်း အင်းလေးမှာပဲ ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။

Source : 7day Daily

Photo  : မင်းဦး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ