Local Celebrity: အမှုပြီးတဲ့အထိ ကလေးနှစ်ယောက်အတွက် ကုန်ကျစရိတ်တွေကို တာဝန်ယူမယ့် ခိုင်နှင်းဝေ

play

 

အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်အမှုတွင် နှိပ်စက်ခံခဲ့ရတဲ့ အိမ်အကူကလေးနှစ်ယောက်ရဲ့ အမှုရင်ဆိုင်နေစဉ် စရိတ်တွေနဲ့ အထွေထွေကုန်ကျစရိတ်များကို ကလေးသူငယ် လူကုန်ကူးမှု တိုက်ဖျက်ရေးသံတမန် တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် ခိုင်နှင်းဝေက ကူညီသွားမယ်လို့ သိရပါတယ်။

play

 

ဒီကိစ္စများနဲ့ ပတ်သက်လို့ သရုပ်ဆောင် ခိုင်နှင်းဝေကလည်း "လူတစ်ယောက်ကို ထိခိုက်နစ်နာကျင်အောင် လုပ်တာ၊ လူ့အခွင့်အရေးရပိုင်ခွင့်တွေကို မပေးဘဲ နှိပ်စက်ညှဉ်းပန်းရင် နောင်ဘဝမကူးဘဲ ဒီအချိန်မှာပဲ ပြန်ပြီးပေးဆပ်ရတယ်ဆိုတာကို တခြားလူတွေကိုလည်း သိစေချင်တယ်။ အဲ့အတွက်ကြောင့်လည်း အမက ဒီကလေးနှစ်ယောက်အတွက် ကူညီဖို့ ဆုံးဖြတ်လိုက်တယ်လို့" ဒီမိုကရေစီတူဒေးကို ဖြေဆိုထားပါတယ်။

Source : Yangon Media Group

Photo   : ခိုင်နှင်းဝေ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ