Local Celebrity: တက်သစ်စ အမြွှာညီအစ်ကို နှစ်ယောက်

မင်းခန့်ကိုနဲ့ မင်းခန့်ညီတို့ကို ဆောင်းညပြာသို ရုပ်ရှင်ထုတ်လုပ်ရေးက စင်တင်မိတ်ဆက်လိုက်ပါတယ်။

play

 

ဆောင်းညပြာသို ရုပ်ရှင်ထုတ်လုပ်ရေးမှ စင်တင်လိုက်တဲ့ သရုပ်ဆောင်သစ် မင်းခန့်ကိုနဲ့ မင်းခန့်ညီတို့အား စာနယ်ဇင်းမိတ်ဆက်ပွဲကိုတော့ စက်တင်ဘာ(၂၃)ရက်နေ့က ကျင်းပခဲ့ပါတယ်။

play

 

သရုပ်ဆောင်သစ်နှစ်ယောက်က ဒါရိုက်တာ ဒိန်းဒေါင် ရိုက်ကူးထားတဲ့ "အမြွှာလင်ပန်း” ဇာတ်ကားမှာလည်း ညီအစ်ကို နှစ်ယောက်စလုံးပါဝင်ထားကာ အကယ်ဒ မီရဲအောင်၊ အကယ်ဒမီ ခိုင်သင်းကြည်၊ ဒိန်းဒေါင် ၊ဗေလုဝ၊ နှင်းဦးဝေ(နှစ်ကိုယ်ခွဲ)တို့နဲ့ တွဲဖက်သရုပ်ဆောင်ထားတယ်လို့လည်း သိရပါတယ်။

play

 

သရုပ်ဆောင်သစ် နှစ်ယောက်ဖြစ်တဲ့ မင်းခန့်ကို နှင့် မင်းခန့်ညီတို့ ရိုက်ကူးထားတဲ့ “အမြွှာလင်ပန်း”ဇာတ်ကား နှင့် “နေတက်ရေတက်” ဇာတ်ကားတို့ကိုလည်း အောက်တိုဘာလထဲမှာ ထွက်ရှိတော့မှာ ဖြစ်ပြီး  “ဘုန်းကြီး ကျောင်းသားနဲ့  သရဲမခေါဇာ”နှင့် “ကျောမှာဂဠုန် ရင်မှာနဂါး” ရုပ်ရှင် ဇာတ် ကားကြီးများလည်း ရိုက်ကူးထားလျှက်ရှိတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ