Local Celebrity: အိမ်ထောင်ပြုဖို့ အစီအစဉ်မရှိသေးဘူးဆိုတဲ့ ဖြူဖြူကျော်သိန်း

, updated

ပရိသတ်တွေကို အသိပေးပါ့မယ်လို့ ဆိုပါတယ်။

play

 

တေးရေးကေအေတီစီစဉ်ထားတဲ့ "ခမ်းနားတဲ့ဘဝရဲ့ကဗျာ" အတွဲသီချင်းခွေထဲမှာ တေးရေးဆရာ ရွှေဂျော်ဂျော် ရေးသားထားတဲ့ "မဖြစ်နိုင်ဘူး" ဆိုတဲ့ အချစ်သီချင်းလေးကို ပါဝင်သီဆိုထားတဲ့ ဖြူဖြူကျော်သိန်းက လတ်တလောမှာတော့ အိမ်ထောင်ပြုဖို့ အစီအစဉ်မရှိသေးပါဘူးလို့ ဆိုပါတယ်။

play

 

မြန်မာမိန်းကလေးပီပီ အချစ်ရေး ကိစ္စကို အစ်ကိုမောင်နှမတွေ မိဘဘိုးဘွားတွေ့ရှေ့မှာ ပြောပြရမှာ ရှက်တဲ့အတွက်  အိမ်ထောင်ပြုတော့မယ်ဆိုရင်တော့ ပရိသတ်တွေကို အသိပေးမှာပါလို့ Myanmar Celebrity အင်တာဗျူးထဲမှာ ဖြေထားပါတယ်။

play

 

ယခုလောလောဆယ်မှာတော့ အိမ်ထောင်ပြုဖို့အစီအစဉ်မရှိသေးတာကြောင့် ပရိတသ်တွေများ စိတ်အေးလက်အေးနဲ့ ချစ်ခင်အားပေးနိုင်ကြပါတယ်လို့လည်း သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

Source : Myanmar Celebrity

Photo  : ဖြူဖြူကျော်သိန်း ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ