Local Celebrity: ဆေးရုံတက်နေရတဲ့ ဟာသသရုပ်ဆောင် ဦးစိန်ရိုး

, updated

ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

play

 

ဟာသ သရုပ်ဆောင် ဦးစိန်ရိုးတစ်ယောက် ကျန်းမာရေး မကောင်းတာကြောင့် ရန်ကုန်ဆေးရုံကြီး အထွေထွေကုသဆောင် ၁/၂ တွင် မျက်စောင်းထိုး ငါးထပ်ဆောင် ဒုတိယထပ် ခွဲစိပ်ဆောင် ၂တွင် ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

play

 

ဆေးရုံတက်နေရတဲ့ ဦးစိန်ရိုးအတွက် လူရွှင်တော် ကောင်းကျော်နဲ့ အဖွဲ့က သွားရောက် ဂါရဝပြု လှူဒါန်းမှုများ ပြုလုပ်ခဲ့သလို အားပေးစကားများ ပြောခဲ့တယ်လို့လည်း ကောင်းကျော်ရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ရေးသားထားပါတယ်။

play

 

"ဆေးရုံတက်ရောက်ကုသနေသော ကျွန်ုပ်တို့၏ ဖခင် ဆရာကြီးဦးစိန်ရိုးအား အင်ပါယာအဖွဲ့ မှသွားရောက် ဂါရဝပြု၍ အားပေးပြီး တတ်နိုင်သလောက်လေး ကန်တော့ခဲ့ကြပါတယ်။ ဟာသညီကိုများ မျိုးဆက်သစ် ဟာသ ညီငယ်များ ရှာပါးနေပြီဖြစ်သော ဆရာတစ်ဆူအား သွားရောက် အားပေး ဂါရဝပြုကန်တော့ ချင်စိတ်လေးများရှိလာပါက ရန်ကုန်ဆေးရုံကြီးအထွေထွေကုသဆောင် ၁/၂မျက်စောင်းထိုး ၅ထပ်ဆောင် ဒုတိယထပ် ခွဲစိတ်ဆောင်၂ကုတင်အမှတ်၂ တွင်ရှိပါကြောင်း စကားလက်ဆောင်ပါးလိုက်ပါတယ်" လို့ ဆိုထားပါတယ်။

Photo : ဦးကောင်းကျော် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ