Local Celebrity: ဇာတ်ကားတွေ စီစစ်ရိုက်ကူးမယ့် အိန္ဒြာကျော်ဇင်

မိသားစုကို အချိန်ပေးချင်တာကြောင့်လို့ သိရပါတယ်။

play

 

ဇာတ်ကားရိုက်ကူးမှုတွေ ဆက်တိုက်လုပ်ဖြစ်နေတဲ့ အိန္ဒြာကျော်ဇင်က နောက်ပိုင်းမှာ ဇာတ်ကားတွေကို စီစစ်ရိုက်ကူးတော့မယ်လို့ သိရပါတယ်။ ဒီကြားထဲမှာ ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးဖြစ်နေတာကလည်း ပရိသတ်တွေရဲ့ တောင်းဆိုမှုအရ ဇာတ်ကားတွေ ပြန်ရိုက်ဖြစ်နေတာဖြစ်သလို သူမရဲ့ ဇာတ်ကားတွေလည်း ထွက်ဖို့ သိပ်မရှိတော့တာကြောင့် ရိုက်ကူးဖြစ်တာလို့ သိရပါတယ်။

play

 

နောက်ပိုင်းမှာ မိသားစုကို အချိန်ပေးချင်တာကြောင့် ဇာတ်ကားရိုက်ကူးမှုတွေ စီစစ်တော့မှာ ဖြစ်ကာ တစ်လတစ်ကားပဲ ဖြစ်ဖြစ် အများဆုံး နှစ်ကားပဲ ဖြစ်ဖြစ် ရိုက်ကူးသွားတော့မယ်လို့ ပေါ်ပြူလာဂျာနယ်မှာ ပြောပြထားပါတယ်။

play

 

ယခုလက်ရှိမှာတော့ သူမက ဒါရိုက်တာ စတီးရိုက်ကူးနေတဲ့ "အမျှ...အမျှ" ရုပ်ရှင်ဇာတ်ကားမှာလည်း ပါဝင် ရိုက်ကူးနေတယ်လို့ သိရပါတယ်။

Source : Popular News

Photo  : အိန္ဒြာကျော်ဇင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ