Local Celebrity: အစီအစဉ်တင်ဆက်သူအဖြစ် တွေ့ရဦးမယ့် စိုင်းစိုင်းခမ်းလှိုင်နဲ့ အေးချမ်းမိုး

, updated

အောက်တိုဘာ(၆)ရက်နေ့တွင် ပြုလုပ်မယ့် Miss Universe Myanmar 2017 အလှမယ်ပွဲမှာ ဖြစ်ပါတယ်။

play

 

အလှမယ်ပြိုင်ပွဲတစ်ခုဖြစ်တဲ့ Miss Universe Myanmar 2017 အလှမယ်ပြိုင်ပွဲကို အောက်တိုဘာ (၆)ရက်နေ့တွင် ပြုလုပ်သွားမှာ ဖြစ်ပြီး အဲဒီပွဲမှာ အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်နဲ့ အလှမယ် အေးချမ်းမိုးတို့က အစီအစဉ်တင်ဆက်သူများအဖြစ် တင်ဆက်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။

play

 

၂၀၁၃ခုနှစ်တုန်းကလည်း စိုင်းစိုင်းခမ်းလှိုင်က Miss Universe Myanmar 2017 ပြိုင်ပွဲအတွက် အစီအစဉ်တင်ဆက်သူ လုပ်ပေးခဲ့ဖူးသလို အလှမယ် အေးချမ်းမိုးကတော့ နှစ်တိုင်းအစီအစဉ်တင်ဆက်သူ တစ်ယောက်အဖြစ် ပါဝင်ပေးလျက်ရှိပါတယ်။

play

 

Miss Universe Myanmar 2017 ပြိုင်ပွဲကို ကြည့်ရှုလိုသူများအနေနဲ့ လက်မှတ်များကို ကျပ်သုံးသောင်း၊ ငါးသောင်းနဲ့တစ်သိန်း ဆိုပြီး လက်မှတ်ဈေးနှုန်းများသတ်မှတ်ထားကာ Miss Universe Myanmar ရုံးတွင် ဝယ်ယူနိုင်တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ