Local Celebrity: အောက်တိုဘာ(၇)ရက်နေ့တွင် ရုံတင်ပြသမယ့် "ရပ်ကွက်ဘုရင်မ၂"

play

 

အောင်မြင်မှု ရရှိခဲ့တဲ့ "ရပ်ကွက်ဘုရင်မ"ရဲ့ နောက်ဆက်တွဲ ရုပ်ရှင်ဖြစ်တဲ့ "ရပ်ကွက်ဘုရင်မ-၂"ကို အောက်တိုဘာလ (၇)ရက်နေ့တွင်  ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ နာမည်ကြီး မင်းသမီးငါးယောက်အပြိုင် ဖိုက်မယ့် အဲ့ဒီဇာတ်ကားအတွက် လက်မှတ်များကို မကြာခင်ရောင်းချတော့မှာ ဖြစ်တယ်လို့  သိရပါတယ်။

play

 

"ကျွန်တော်အနေနဲ့ပရိသတ်တွေကိုဒုတိယအကြိမ်မှာ ပရိသတ်အ မြင်ပြောင်းသွားစေမဲ့ ပုံစံလေး ရိုက်ကူးထားပါတယ်။အဓိက Message ကတော့ လောဘကြီးရင် အီးလော က်ပဲရတယ် ဆိုတာကို ဖော်ညွှန်း ထားပါတယ်။ဒီဇာတ်ကား ကို ယောက်ျားလေး ပရိသတ်ေ တွ ကြိုက်လိမ့် မယ်လို့ ထင်ပါတယ်"လို့ ဒါရိုက် တာ ခင်စောမျိုးက ပြောပါတယ်။

play

 

အဲ့ဒီ ရုပ်ရှင်ဇာတ်ကားကို ဇာတ်လမ်းအုန်းဝင်း၊ ဇာတ်ညွှန်းနေခြည်အောင်သစ်က ရေးသားထားပြီး ဒါရိုက်တာ ခင်စောမျိုး(အဖေ့ခြေရာ)၊ တွဲဖက်ဒါရိုက်တာလှဝင်း(အေဝမ်း)တို့ ကရိုက်ကူးပေးထားပြီး သရုပ်ဆောင်များအဖြစ် အကယ်ဒမီမို့မို့မြင့် အောင်၊အကယ်ဒမီစိုးမြတ်သူဇာ၊အကယ်ဒမီ ထွန်းအိန္ဒြာဗို၊အကယ်ဒမီခိုင်သင်းကြည်၊အေးမြ တ်သူ၊ဘေဘီမောင်၊  ရာဇာနေဝင်း၊အရိုင်း၊ခင်လှိုင်၊ဒိန်းဒေါင် ၊အက ယ်ဒမီဗေလုဝ၊ကင်းကောင်တို့အပြင် အခြားအနုပညာသရုပ်ေ ဆာင်များစွာ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ