Local Celebrity: ဇန်နဝါရီလထဲမှာ ဒုတိယရင်သွေးလေးကို မွေးမယ့် သက်မွန်မြင့်

ရင်သွေးလေးက သမီးလေးဖြစ်ပါတယ်။

play

 

ကိုယ်ဝန်ငါးလကျော်ရှိနေပြီဖြစ်တဲ့ သက်မွန်မြင့်ကတော့ ဒုတိယရင်သွေးလေးကို ဇန်နဝါရီလထဲမှာ မွေးမယ်လို့ သိရပါတယ်။ ဒုတိယကိုယ်ဝန်ဖြစ်တာကြောင့် ပထမကိုယ်ဝန်တုန်းကလို စိတ်ပူတာမျိုးမရှိတော့သလို တည်ငြိမ်လာတယ်လို့ သိရပါတယ်။

play

 

ကျန်းမာရေးအခြေအနေကတော့ ဒီတစ်ခေါက်မှာ နေသိပ်မကောင်းတာများသလို ပင်ပန်းတာ သိပ်မခံနိုင် တာကြောင့် အနုပညာအလုပ်တွေတောင် သိပ်မလုပ်ဖြစ်ဘူးလို့ သိရပါတယ်။ အနုပညာအလုပ်တွေ သိပ်မလုပ် ဖြစ်တော့တဲ့ သက်မွန်မြင့်က ပရိသတ်တွေနဲ့ အဆက်အသွယ် မပြတ်အောင် ဖေ့စ်ဘွတ်ကနေ ပုံတင်တာတို့ ပရိသတ်တွေနဲ့ စကားပြောတာတို့ကိုလည်း လုပ်ဖြစ်တယ်လို့ ပေါ်ပြူလာဂျာနယ်မှာ ဖြေဆိုထားပါတယ်။

play

 

ဒီတစ်ခါလွယ်ထားရတဲ့ ရင်သွေးလေးကတော့ သမီးလေးဖြစ်ပြီး ၂၀၁၇ခုနှစ်မှာ ဝိတိုရိယဆေးရုံတွင် မွေးဖွားမယ်လို့ သိရပါတယ်။

Source : Popular News

Photo : သက်မွန်မြင့် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ