Local Celebrity: လှိုင်ဦးမော်နဲ့ မနောတို့ရဲ့ စီးရီးခွေ

, updated

နှစ်ယောက်ပေါင်း ထွက်ရှိတဲ့ သီချင်းခွေလည်း ဖြစ်ပါတယ်။

play

 

တေးသံရှင် လှိုင်ဦးမော်နဲ့ မနောတို့ရဲ့ "လှိုင်ဦးမော်မနော" တေးစီးရီးခွေကို စက်တင်ဘာ (၂၉)ရက်နေ့မှာ The Sun Music ကနေ ထုတ်လုပ်ဖြန့်ချိသွားမှာ ဖြစ်ပါတယ်။

သီချင်းနှစ်ယောက်ဖြစ်တဲ့ လှိုင်ဦးမော်နဲ့ မနောတို့ရဲ့ ဒုတိယစီးရီးခွေထဲတွင် သီချင်းစုစုပေါင်း (၁၂)ပုဒ်ပါဝင်ပြီး တေးရေးဆရာ လှိုင်ဦးမော်၊ သဟာအောင်၊ Song Hone နဲ့ အသင်ရာမတို့ ရေးသားဖော်ကျုးပေးထားကြပြီး "ဘာလုပ်ပေးမလဲ" သီချင်းတစ်ပုဒ်အား Myanmar Music Store မှ ဖြန့်ချိထားတယ်လို့ သိရပါတယ်ယ။

အဲ့ဒီအခွေထဲမှာ အချစ်သီချင်းများ၊ အလွမ်းရသနဲ့ အဆွေးရသ စတာတွေကို စုံအောင်ထည့်ထားပေးတယ်လို့လည်း သိရပါတယ်။လှိုင်ဦးမော်နဲ့ မနောတို့က ၂၀၁၁ ခုနှစ်က "လက်ချောင်းများ"အမည်နဲ့ ပထမတေးစီးရီး ကို ထွက်ရှိခဲ့ပါတယ်။

Source : HNYO Pop News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ