Local Celebrity: ရုံတင်ဖို့ ကျန်ရှိနေတဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ ရုပ်ရှင်ဇာတ်ကားများ

, updated

လက်ရှိမှာတော့ "ကာလာစုံ lesson" ရုပ်ရှင်ဇာတ်ကားကို ရုံတင်ပြသနေပါတယ်။

play

အဆိုဘက်မှာကော သရုပ်ဆောင်ဘက်မှာပါ ပရိသတ်အားပေးမှု ရရှိထားတဲ့ နှုတ်ခမ်းနီမလေးတွေ ရဲ့ အသည်းစွဲ စိုင်းစိုင်းခမ်းလှိုင်ရဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကတော့ ရုံတင်ပြသဖို့ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။ ယခု လက်ရှိမှာ မင်းသမီးလေးဦးရဲ့ ရိုက်ကူးထားတဲ့ "ကာလာစုံ lesson" ရုပ်ရှင်ဇာတ်ကားကတော့ ရုံတင်ပြသနေပြီ ဖြစ်ပါတယ်။

play

 

နောက်ထပ်ရုံတင်ပြသဖို့ ကျန်ရှိနေတဲ့ ရုပ်ရှင်ဇာတ်ကားများက  '' Bangkok to Mandalay''၊ ''တိမ်ပေါ်ကတဲ့ပွဲ''၊ ''ဓာတ်ရှင်ရိုက်သူများ''၊ ၊ ''ချိုမြိန်သော လက်စားချေခြင်း''၊ ''ဂျုံးဂျုံးဂျက် ဂျက်'' စတဲ့ ရပ်ရှင်ဇာတ်ကားတွေ ရုံတင်ဖို့ ကျန်ရှိနေသေးတယ်လို့ သိရပါတယ်။

play

 

စိုင်းစိုင်းခမ်းလှိုင်က ယခုလက်ရှိမှာ "ချစ်သူသာ ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်" ရုပ်ရှင်ဇာတ်ကားကို အင်းလေးမှာ ရိုက်ကူးနေတုန်းလို့ သိရပါတယ်။

Photo : စိုင်းစိုင်းခမ်းလှိုင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ