Local Celebrity: ပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေလုပ်နေတဲ့ နန်းခိုင်ရွှေဝါဝင်း

Miss Earth International 2016 ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

play

 

Miss Earth International 2016 ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ Miss Earth Myanmar 2016 နန်းခိုင်ရွှေဝါဝင်းက သွားရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။ ပြိုင်ပွဲအတွက်လည်း ပြင်ဆင်မှုများပြုလုပ်လျက်ရှိပြီး သဘာဝပတ်ဝန်းကျင်နဲ့သက်ဆိုင်တဲ့ ဗီဒီယိုများကိုလည်း မန္တလေးနဲ့ တောင်ကြီးမြို့များတွင် ရိုက်ကူးဖို့ရှိတယ်လို့ သိရပါတယ်။

play

 

"ညီမ အခုပြိုင်ပွဲနဲ့ ပတ်သက်ပြီး ခန္ဓာကိုယ်ပိုင်းကို လေ့ကျင့်ခန်းတွေ လုပ်နေ တယ်၊ ညီမ အများကြီး ကြိုးစားသွားမှာပါ။ ဒီပြိုင်ပွဲပြီးသွားရင် Miss Golden Land Myanmar Organization နဲ့ နှစ်နှစ်စာချုပ်ချုပ်ရမှာပါ၊ ဒီစာချုပ်သက် တမ်းအတွင်းမှာလည်း Organization နဲ့တိုင်ပင်ပြီးအနုပညာလှုပ်ရှားမှုတွေ လုပ်သွားမှာပါ "လို့ သူမက ဆိုပါတယ်။

play

 

Miss Earth International 2016 ပြိုင်ပွဲကို ဖိလစ်ပိုင် နိုင်ငံတွင် စက်တင်ဘာလ(၃၀)ရက်နေ့မှ စတင်ကာ အောက်တိုဘာ(၂၆)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး  နောက်ဆုံးဖိုင်နယ်ပွဲကိုတော့ အောက်တိုဘာ(၂၆)ရက်နေ့တွင် ပြုလုပ်မယ်လို့ သိရပါတယ်။

Photo : နန်းခိုင်ရွှေဝါဝင်း ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ