Local Celebrity: ၂၀၁၇ခုနှစ်တွင် ဖွင့်လှစ်တော့မယ့် "အနုပညာဆည်းဆာရိပ်" ဘိုးဘွားရိပ်သာ

play

 

သက်ကြီး အနုပညာရှင်ကြီးများအတွက် ရည်ရွယ်၍ တည်ဆောက်ထားတဲ့ " အနုပညာဆည်းဆာရိပ်" ဘိုးဘွားရိပ်သာကြီးကို မကြာခင် ဖွင့်လှစ်နိုင်တော့မယ်လို့ သိရပါတယ်။ ၂၀၁၇ခုနှစ် ဇန်နဝါရီ တစ်ရက်နေ့တွင် ဖွင့်လှစ်နိုင်ဖို့အတွက် အနုပညာသမားအားလုံးက ကြိုးစားနေကြပြီး  " အနုပညာဆည်းဆာရိပ်" ဘိုးဘွားရိပ်သာ ဖွင့်ပွဲအတွက်နဲ့ ဘိုးဘွားများလက်မခံမီ ဝန်ထမ်းများကို ခန့်အပ်ရေး သင်ကြားရမယ့် အကြောင်း အရာများနဲ့ ဆည်းဆာရိပ် ဆက်လက်တည်တံ့နိုင်ရေးတို့ကိုလည်း စက်တင်ဘာ(၂၆)ရက်နေ့က အနုပညာရှင်များ တိုင်ပင်ခဲ့ကြတယ်လို့ သိရပါတယ်။

play

 

"အနုပညာဆည်းဆာရိပ်"ဘိုးဘွားရိပ်သာကြီးကို ပုလဲမြို့သစ်ဘက်တွင် တည်ဆောက်ထားပြီး ရုပ်ရှင် ၊ သဘင်၊ ဂီတ၊ စာပေ၊ စတဲ့အနုပညာလောကအလွှာစုံမှ အမှန်တကယ် အခက်အခဲဖြစ်နေသူများကို လက်ခံသွားမည်ဖြစ်ပြီး အနုပညာလောကရှိ အလွှာစုံမှ ဘိုးဘွားများကို လက်ခံထားရှိမှာ ဖြစ်ပါတယ်။

play

 

ဘိုဘွားရိပ်သာကြီးဖွင့်လှစ်ပြီးသွားပါကလည်း လစဉ်အလှူရှင်များစွာ လိုအပ်နေမှာဖြစ်တဲ့အတွက် ပါဝင်ကူညီလှူဒါန်းကြဖို့လည်း အဆိုတော် ကော်နီက သူမရဲ့ ဖေ့စ်ဘွတ်က တစ်ဆင့် နှိုးဆော်ထားပါတယ်။

Photo : ကော်နီဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ