Local Celebrity: ဘဝအကြောင်း ဇာတ်ကားရိုက်မယ့် ဒါရိုက်တာ စင်ရော်မောင်မောင်

, updated

"မြတ်နိုးတွယ်တာ ချစ်ခင်ရပါသော အမိတက္ကသိုလ်" ဆိုပြီး နာမည်ပေးထားတယ်လို့ သိရပါတယ်။

play

 

ဒါရိုက်တာ စင်ရော်မောင်မောင်ရဲ့ ဘဝဇာတ်ကြောင်းကို "မြတ်နိုးတွယ်တာ ချစ်ခင်ရပါသော အမိတက္ကသိုလ်" နဲ့ ဇာတ်ကားရိုက်ကူးသွားမယ်လို့ သိရပါတယ်။ အဲဒီဇာတ်ကားကို ၂၀၁၇ ခုနှစ်ထဲတွင် ရိုက်ကူးဖို့ စဉ်းစားထားပြီး သူ့ရဲ့ဘဝအမှန်ကို ပုံဖော်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။

play

 

"အမေက ကျွန်တော့်ကို အရမ်းချစ်တယ်။ အဖေက အရက်တွေသောက်တယ်။ အမေ့ကိုနှိပ်စက်တယ်။ အဲ့ဒီဘဝကနေ အဆောင်နေတယ်။ အဲ့လိုနဲ့ ကျွန်တော့ကို ဒီလိုဘဝရောက်အောင် အမေက လုပ်ပေးခဲ့တယ်။ ကျွန် တော့်ရဲ့ လက်ဦးဆရာ ပါချုပ်ဒေါက် တာချစ်ဆွေ၊ လမ်းစဉ်လူငယ်က ဆရာဦးတင်အောင်၊ ကျွန်တော့်ရဲ့ အစ်ကိုကြီး သင်္ချာနောက်ဆုံးနှစ်က ကိုတင်ဌေး။ သူတို့ကြောင့် ကျွန် တော့်ဘဝက ပေတေပြီးတော့ မိုက်ရူးရဲဘဝကနေ ပြောင်းလဲသွားတာ ပေါ့နော်။ အဲ့လိုမျိုးတွေပေါ့။ နောက်ဆက်တွဲတွေလည်း အများကြီးရှိသေးတယ်" လို့ စင်ရော်မောင်မောင်က ပြောပါတယ်။

play

 

"မြတ်နိုးတွယ်တာ ချစ်ခင်ရပါသော အမိတက္ကသိုလ်" ဇာတ်ကားအတွက် နည်းနည်းစောနေသေးတာကြောင့် သရုပ်ဆောင်တွေကို မရွေးရသေးဘူးလို့ သိရပါတယ်။

Source : Yangon Media Group

Photo  : စင်ရော်မောင်မောင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ