Local Celebrity: ခိုင်သင်းကြည်ရဲ့ မွေးနေ့အလှူ

အလှူအတန်းတွေ အများကြီး လုပ်ခဲ့တယ်လို့ သိရပါတယ်။

play

 

စက်တင်ဘာ (၂၇)ရက်နေ့မှာ ကျရောက်တဲ့ ခိုင်သင်းကြည့်ရဲ့ မွေးနေ့မှာ သမီးဖြစ်သူနဲ့ ခင်ပွန်းတို့ရဲ့ မွေးနေ့ Surprise ကြောင့် ပျော်ရွှင်ခဲ့သလို မွေးနေ့မှာလည်း အလှူအတန်းတွေ အများကြီး ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

play

 

သူမရဲ့ မွေးနေ့အလှူအဖြစ် ဓမ္မဝိဟာရကျောင်းတွင် သံဃာတော်များအား ဝါဆိုသင်္ဃန်းနဲ့ အခြားသော လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့သလို နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းများကိုလည်း ပြုလုပ်ခဲ့ပါတယ်။

play
play

 

ထို့အပြင် ဘကကျောင်းက ကလေး(၃၆၀)တို့အတွက် နေ့လယ်စာနဲ့ ကျောင်းသုံးပစ္စည်းများ သွားရောက် လှူဒါန်းခဲ့သလို ပုဂံဘုရားများ ပြုပြင်မွန်းမံရန်အတွက် မေတ္တာသင်္ဂဟအဖွဲ့သို့ အလှူငွေ (၁၀)သိန်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

play

 

ညပိုင်းမှာလည်း သူမရဲ့ မွေးနေ့ကို သူငယ်ချင်း မိတ်ဆွေများနဲ့အတူ ပျော်ရွှင်စွာ ဖြတ်သန်းခဲ့ပါသေးတယ်။

Photo : ခိုင်သင်းကြည် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ