Local Celebrity: သားဖြစ်သူအတွက် အမှတ်တရ ဗီဒီယိုဖိုင်တစ်ခု ရိုက်ကူးထားတဲ့ ဆုပန်ထွာတို့ ဇနီးမောင်နှံ

သားဖြစ်သူ ကြီးလာရင် ပြန်ကြည့်လို့ရအောင် အမှတ်တရ ပြုလုပ်ပေးထားတာလို့ သိရပါတယ်။

play

 

သားဖြစ်သူ Roar Roarလေး ကြီးလာရင်ကြည့်နိုင်ဖို့အတွက် ဆုပန်ထွာတို့ ဇနီးမောင်နှံက အမှတ်တရ ဗီဒီယိုဖိုင် လေးတစ်ခုကို မှတ်တန်းတင် ရိုက်ကူးထားတယ်လို့ သိရပါတယ်။ ဆုပန်ထွာရဲ့ ခင်ပွန်းဖြစ်သူ ကိုဥက္ကာကျော်က သားလေး Roar Roar လေးအတွက် အမှတ်တရဖြစ်စေဖို့  ဗီဒီယိုဖိုင် တစ်ခုကို ရိုက်ကူးထားပါတယ်။  အဲဒါကတော့ ဆုပန်ထွာတစ်ယောက်  သားလေးကို မမွေးဖွားခင် ဆေးရုံတက်တဲ့ နေ့ကစလို့ မွေးဖွားပြီး Roar Roar လေး လူ့လောကထဲကို ရောက်တဲ့အချိန်ထိ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်လေး ဖြစ်ပါတယ်။

play

 

ဆုပန်ထွာကိုယ်တိုင်ကလည်း ခင်ပွန်းဖြစ်သူက အဲဒီဗီဒီယိုဖိုင်လေးကို လာပြတဲ့အချိန်မှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်များကိုလည်း သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ယခုလို ရေးသားထားပါတယ်။

"Roar Roar လေးကြီးလာရင်ကြည့်ဖို့ အမှတ်တရဖြစ်မည့် Video Clip လေးပါ။ သူ့ Daddy Ko Okkar Kyaw က အမှတ်တရကိုယ်တိုင်မှတ်တန်းတင် ထားတာလေးပါ။ဒီ Video Clip လေး သူ့အဖေလာပြတော့ ကြောက်စိတ်တွေ စိုးရိမ်စိတ်တွေ အပြည့်နဲ့ဖြတ်သန်းခဲ့ရတဲ့ အချိန်လေးတွေအတွက် မျက်ရည်တောင်ဝိုင်းသွားခဲ့ရပါတယ်။ ကလေးလေးမွေးတဲ့ မိခင်တိုင်းဖခင်တိုင်း ခံစားရတဲ့ခံစားချက်လေးမို့ ဖခင်တိုင်းမိခင်တိုင်းကို လေးစားဦးညွတ်ရင်း" လို့ ရေးသားထားပါတယ်။

Photo : ဆုပန်ထွာ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ