Local Celebrity: အွန်လိုင်းပေါ်က ဓာတ်ပုံတွေအကြောင်း ဖြေရှင်းလိုက်တဲ့ ဟန်နာယူရီ

Pee Mark မင်းသားနဲ့တွဲရိုက်ထားတဲ့ ဓာတ်ပုံအကြောင်း ပြောပြထားတာ ဖြစ်ပါတယ်။

play

 

မကြာသေးခင်ရက်ပိုင်းက အွန်လိုင်းစာမျက်နှာပေါ်တွင် ဘန်နီဖြိုးရဲ့ ချစ်သူဟောင်း ဟန်နာယူရီနဲ့ Pee Mark မင်းသား မာရီယိုတို့အတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ကြားထဲမှာ နာမည်ကြီးနေပါတယ်။

play

 

အဲဒီဓာတ်ပုံတွေနဲ့ပတ်သက်ပြီးတော့လည်း ဟန်နာယူရီက သူမရဲ့ အရမ်းကြိုက်တဲ့ မင်းသားဖြစ်သလို အရမ်း အားပေးရတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး အနီးကပ်တစ်ခါမှ မတွေ့ဖူးခဲ့ပေမဲ့ အပြင်မှာ တွေ့ခွင့်ရတဲ့အချိန်မှာ ဓာတ်ပုံရိုက်ပြီး တင်ဖြစ်တာ ဖြစ်တယ်လို့ ရေးသားထားပါတယ်။

play

 

"Ri အဲဒီမင်းသားကို အရင်ထဲက အရမ်းကြိုက်လို့ သူငယ်ချင်းတွေရော public မှာ အမြဲသူနဲ့ ပတ်သက်တာတွေ အမြဲလိုလိုတင်ပါတယ်။ အားလုံးသိမှာပါ ကျောင်းတက်ထဲက သူရှိတဲ့ပွဲတွေ သွားပါတယ် ။အဝေးကတောင် တစ်ခါမှ တွေ ခွင့်မရခဲ့ပါဘူး။ သူနဲ့photoshopတွေနဲ့ ပုံတွေတင် လို့ groupတွေမှာလှောင်ပြောင် ဟားတိုက်ခံရဖူးပါတယ် ။ ခုအပြင်မှာတွေ့ ဓါတ်ပုံရိုက်ပြီး တင်ဖြစ်ပါတယ်။ ဒီလိုမျိုးတွေ့ ခွင့်ရမယ်လို့ အိမ်မက်တောင် မမက်ဖူးပါဘူး။ fangirl တစ်ယောက် အနေနဲ့ အရမ်းပျော်လို့ ပါရှင်။ Riတို့ အားလုံး fangirlsတွေပဲလေနော် ။ ri ကိုပိုပြီးမုန်းမှာ နားလည် ပါတယ်ရှင် ။စိတ်မကောင်းပါဘူး။ အထင်လွဲစေမိရင် really sorry ပါရှင် ။ အားလုံးသိတဲ့အတိုင်း ညီမခုHanna Yuri ကိုယ်ပိုင်ဘဝအတွက် သီးခြားပြန်ရပ်တည်ဖို့  ရုန်းကန်နေရတဲ့အချိန် ဒီလိုပြသနာတွေမဖြစ်ချင်ပါဘူး" လို့ သူမရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားထားပါတယ်။

Pee Mark မင်းသားလို့ အများသိကြတဲ့ မာရီယို ကတော့ နိုဝင်ဘာ ၁၄ရက်နေ့မှာလည်း မြန်မာနိုင်ငံကို လာရောက်ဦးမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ