Local Celebrity: အဆိုတော်လေးဦးရဲ့ "နွေဒဏ္ဍာရီ" တေးစီးရီး

လူငယ်ပရိသတ်များစွာ အားပေးမှု ရရှိထားတဲ့ အဆိုတော်များစွာ ပါဝင်ထားတဲ့ တေးစီးရီးခွေ ဖြစ်ပါတယ်။

play

 

အဆိုတော် ဖြိုးပြည့်စုံ၊ ဇွဲပြည့်၊ ခင်စုစုနိုင်နဲ့ ချောငယ်တို့ ပါဝင်သီဆိုထားကြတဲ့ "နွေဒဏ္ဍာရီ" တေးစီးရီးအခွေကို အောက်တိုဘာ(၁)ရက်နေ့ The Sun Music မှ ဖြန့်ချိသွားမယ်လို့ သိရပါတယ်။ ဒီအခွေရဲ့ ထူးခြားချက်ကတော့ အသည်းကွဲ သီချင်းတစ်ပုဒ်မှ မပါပါဘူးလို့ ဆိုပါတယ်။ အလွမ်း၊ အပျော်နဲ့ ချစ်သူအတွက် သီချင်းလေးတွေ ပါတယ်လို့ ဇွဲပြည့်က ဆိုပါတယ်။

play

 

"နွေဒဏ္ဍာရီ" တေးစီးရီးထဲမှာ သီချင်း (၁၀)ပုဒ်ပါဝင်ပြီး တေးရေးဆရာ ကေအေတီ၊ ဇဝါ၊ ဒီလေး၊ ဟဲလေး၊ ပူစူး၊ အောင်ကိုမြင့်၊ စည်သူမင်း၊ ဘရန်မိုင်၊ နေခြည်ထွန်းထွန်းတို့က ရေးသားဖော်ကျူးထားပေးတယ်လို့ သိရပါတယ်။

အဲဒီစီးရီးထဲမှာ ချောငယ်ကလည်း သီချင်းနှစ်ပုဒ်သီဆိုထားပြီးတော့ သီချင်းတွေအားလုံးက ပရိသတ်တွေနဲ့ ရင်ဘတ်ချင်းနီးနိုင်မယ်လို့ မျှော်လင့်တယ်လို့  ဆိုပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ