အမြွှာကိုယ်ဝန်ကို လွယ်ထားရတဲ့ ချစ်သုဝေက ၂၀၁၇ ဇန်နဝါရီလထဲမှာ အမြွှာ သမီးလေးကို မွေးမယ်လို့ သိရပါတယ်။ မွေးဖွားဖို့အတွက် ဒေါက်တာမေသူမျိုးညွှန့်ကို အပ်ထားသလို ဝိတိုရိယဆေးရုံမှာ မွေးမယ်လို့ သိရပါတယ်။
ကိုယ်ဝန်လွယ်ထားရတဲ့ ချစ်သုဝေက ပရိသတ်များနဲ့ အဆက်အသွယ်မပြတ်အောင် ကြော်ငြာရိုက်ကူးမှုများကို ပြုလုပ်လျက်ရှိပြီး မွေးဖွားပြီးချိန်တွင်လည်း ကလေးများအနားတွင် အချိန်ပေးပြီး နေမှာ ဖြစ်သလို အနုပညာလှုပ်ရှားမှုများကိုလည်း အဆင်ပြေသည့်အလုပ်များသာ ရွေးချယ်လုပ်ကိုင်သွားမယ်လို့ သိရပါတယ်။
ထို့အပြင် အောက်တိုဘာ(၂)ရက်နေ့ မန္တလေးတွင်လုပ်မယ့် လင်းလင်းရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကိုတော့ လင်းလင်းရဲ့ မွေးနေ့လည်း ဖြစ်သလို ပွဲဦးထွက် ပွဲလည်း ဖြစ်တာကြောင့် လိုက်ပြီး အားပေးဖြစ်မယ်လို့ သိရပါတယ်။
Source : 7day Daily
Photo : ချစ်သုဝေ ဖေ့စ်ဘွတ်