Local Celebrity: မြန်မာက ထိုင်းထက် ပိုသာတယ်ဆိုတဲ့ ရွှေသမီး

သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး ပြောပြခဲ့တာ ဖြစ်ပါတယ်။

play

 

ထိုင်းသရုပ်ဆောင်များနဲ့အတူ တွဲဖက်သရုပ်ဆောင်ထားတဲ့ "တီတီနှင့်ဒိုးနပ်" ဇာတ်ကားထဲမှာ ပါဝင်ခဲ့တဲ့ ရွှေသမီးကတော့ အဲဒီဇာတ်ကားအတွက် ရင်ခုန်နေတယ်လို့ သိရပါတယ်။

play

 

သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း ထိုင်းသရုပ်ဆောင်တွေထက် မြန်မာသရုပ်ဆောင် တွေက  ပိုသာ တယ်လို့ သူမက ပြောခဲ့ပါတယ်။ စက်ပိုင်းဆိုင်ရာတွေ ကွာသွားပေမဲ့လည်း သရုပ်ဆောင်ပိုင်းကတော့ သူတို့နဲ့ယှဉ်နိုင်တယ်လို့ ဆိုပါတယ်။

play

 

အဲဒီရုပ်ရှင်ဇာတ်ကားမှာ ရွှေသမီးက ပြေတီဦးရဲ့ ညီမနေရာက ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ မြန်မာနှင့် ထိုင်းနိုင်ငံတို့ ပူးပေါင်းရိုက်ကူးသည့် ‘တီတီနှင့် ဒိုးနပ်’ဇာတ်ကားတွင် သရုပ် ဆောင်ပြေတီဦး၊ ထိုင်း Miss Thailand World 2014 2th Runner up ဆုရှင် Chattrika Sittiprom တို့နှင့်အတူ ရွှေသမီး က ပါဝင် သရုပ်ဆောင် ထားပါတယ်။

Source  : 7day Daily

Photo  : ရွှေသမီး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ