Local Celebrity: လုလုအောင်ကို ဂိမ်းဇာတ်ကောင်အဖြစ် ဖန်တီးထားတဲ့ ဂိမ်းပြိုင်ပွဲ

တစ်ပတ်ကြာ ကျင်းပပြုလုပ်မှာ ဖြစ်ပါတယ်။

play

 

မြန်မာနိုင်ငံမှာ ပထမဆုံး ကိုယ်တိုင်ဂိမ်းများကို ဖန်တီးထုတ်လုပ်တဲ့ ဂိမ်းကုမ္ပဏီတစ်ခုဖြစ်တဲ့ My Play ကုမ္ပဏီက မော်ဒယ် လုလုအောင်ကို ဂိမ်းဇာတ်ကောင် အဖြစ် ဖန်တီးထားပြီး ဂိမ်းပြိုင်ပွဲ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။ အဲဒီ ဂိမ်းပြိုင်ပွဲကိုလည်း စက်တင်ဘာ(၂၈)ရက်နေ့မှ အောက်တိုဘာ(၅)ရက်နေ့အထိ တစ်ပတ်ကြာကျင်းပမယ်လို့ သိရပါတယ်။

play

 

ပြိုင်ပွဲနာမည်ကိုလည်း Boss Fight ခေါင်းစဉ်နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပြီး ဂိမ်းဇာတ်ကောင်အား Easy၊ Normal ၊ Insane Level 1 များကို အနိုင်ရအောင် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ထိုဂိမ်းပြိုင်ပွဲကို ကစားနိုင်ရန်အတွက်  https://play.google.com/store/apps/details…မှ ကစားနိုင်ပြီ ဖြစ်ကြောင်းသိရပါတယ်။

play

 

ပြိုင်ပွဲအကြောင်းများကိုလည်း Shan KoeMee World Facebook Page တွင်ဝင်ရောက်လေ့လာနိုင်တယ်လို့ သိရပါတယ်။

Source : ပြည်မြန်မာသတင်းစာ

Photo   : Shan KoeMee ဖေ့စ်ဘွတ်၊ လုလုအောင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ