Local Celebrity: ကလေးတွေနဲ့ တွေ့ဆုံခဲ့တဲ့ ပြေတီဦး

တင်းနစ်ကစားနည်းကို သင်ပေးခဲ့တယ်လို့ သိရပါတယ်။

play

 

သရုပ်ဆောင်ပြေတီဦးက ဒီနေ့မှာ  TTC ကျောင်းက ကလေးငယ်များနဲ့ သွားရောက်တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ တင်းနစ်ကစားနည်း ရက်တိုသင်တန်းတက်ရောက်နေတဲ့ ကလေးငယ်များနဲ့တွေ့ဆုံကာ တင်းနစ်ကစားနည်းကို သင်ကြားပေးခဲ့တယ်လို့လည်း သိရပါတယ်။

play

 

ကလေးတွေနဲ့ တွေ့ဆုံဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ယခုလို ပြောပြထားပါတယ်။

play

 

"ဘဝဆိုတာ ကျောင်းစာတစ်ခုတည်း ကြိုးစားရုံနဲ့ ပြည့်စုံတာ မဟုတ်ပါဘူး။ အားကစား၊ ပေါင်းသင်းဆက်ဆံရေး၊ မိတ်ကောင်းဆွေကောင်း သူငယ်ချင်းကောင်း တွေရရှိရေး အားလုံးနဲ့ ပူးပေါင်းလုပ်ဆောင်တတ်ဖို့ စသည်ဖြင့် ကျောင်းတက်ရခြင်းရဲ့ ရည်ရွယ်ချက်တွေ အများကြီးရှိပါတယ်။ ကျောင်းစာတစ်ခုတည်းတော်ပြီး လူတွေနဲ့ အံဝင်ဂွင်ကျ မဖြစ်တဲ့ သူတွေလည်း အများကြီးတွေ့ဖူးပါတယ်။ မြန်မာမှာရော ကမ္ဘာမှာပါ အောင်မြင်နေ တဲ့သူတွေ ဟာ စာတစ်ခုတည်းတော်တာမဟုတ်ဘဲ ဘက်စုံတော်တဲ့သူတွေ ဖြစ်နေတာတွေ့ရပါတယ်။ ဒီအကြောင်းတွေကို တင်းနစ် ရက်တိုသင်တန်းတက်နေကြတဲ့ TTC ကျောင်းက ကလေးတွေနဲ့ ဒီနေ့ တွေ့တဲ့အချိန်မှာပြောဖြစ်ပါတယ်။ အရွယ်နဲ့မလိုက်အောင်အပြန်အလှန်အမေးဖြေတွေလုပ်ကြတာ ကလေးအချင်းချင်းကစားပြတာ စိတ်ထဲရှိတာကို ရဲရဲဝံ့ဝံ့ ပြောကြတာ အရမ်းကိုဝမ်းသာစရာပါ။ တင်းနစ် ကစားနည်းကို ကိုယ်တိုင်ကစားပြပြီးတော့ ကလေးတွေ ကိုလည်း ကစားချင်လာအောင်စည်းရုံးနိုင်ခဲ့ပါတယ်" လို့ ရေးသားထားပါတယ်။

play

 

ကလေးတွေကို တင်းနစ်ကစားနည်းအကြောင်း သင်ကြားပေးသလို ကလေးတွေနဲ့ အတူတူကစားခဲ့ပုံတွေကိုလည်း သူရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ တင်ထားပါတယ်။

Photo : ပြေတီဦး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ